Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမ္မတ ရဟတ်ယာဉ်ကို ပစ်ခတ်သူတွေကို ကိုလံဘီယာ အစိုးရ ဆုငွေထုတ်

သမ္မတရဲ့ ရဟတ်ယာဉ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေအကြောင်း သတင်းပေးဖို့ ကိုလံဘီယာ အစိုးရက ဆုငွေထုတ် ကြေညာခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်က သမ္မတ အိုင်ဗန် ဒူကေး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ဗင်နီဇွဲလားနဲ့ နယ်စပ်အနီး၊ ကူကက်တာ လေဆိပ်နားမှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သမ္မတ လေယာဉ်ရဲ့ အမြီးပိုင်းနဲ့ ပန်ကာတွေမှာ သေနတ် ကျည်ဆန်ရာ အပေါက်တွေ ရှိနေတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန် ပြသခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က အခုတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ကိုလံဘီယာ ကာကွယ်ရေး ဝန်ကြီး ဒီယေဂို မိုလာနိုက ဒီတိုက်ခိုက်မှု ကျူးလွန်သူတွေကို သတင်းပေးနိုင်ရင် ပီဆိုငွေ ၃ ဘီလီယံ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီငွေကြေးဟာ အမေရိကန်ဒေါ်လာ ၈ သိန်း နီးပါးလောက်နဲ့ ညီမျှပါတယ်။ မိုလာနို ကိုယ်တိုင်ကလည်း အခင်းဖြစ်ချိန်က ရဟတ်ယာဉ်ပေါ်မှာ ရှိနေခဲ့ပါတယ်။

ကိုလံဘီယာ အမိုးသား ရဲတပ်ဖွဲ့ကတော့ ကူကက်တာ ဒေသမှာ ရိုင်ဖယ် သေနတ် နှစ်လက်ကို သိမ်းဆည်း ရမိထားကြောင်း ပြောပါတယ်။ AK-47 တစ်လက်နဲ့ 7.62 Calibre ရိုင်ဖယ်တွေဟာ သမ္မတရဲ့ ရဟတ်ယာဉ်ကို တိုက်ခိုက်ဖို့ အသုံးပြုခဲ့တဲ့ လက်နက်တွေလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။ 7.62 Calibre ရိုင်ဖယ်ရဲ့ ကိုယ်ထည်မှာတော့ ဗင်နီဇွဲလား လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ အမှတ်တံဆိပ် ရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျူးလွန်သူတွေကို မဖော်ထုတ် မဖမ်းဆီးနိုင်သေးသ၍ စုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်မှာ မဟုတ်ကြောင်း ကိုလံဘီယာ ရဲချုပ် ဂျော့ဂျ် ဗားဂက်စ်က ကတိပေးခဲ့ပါတယ်။ သမ္မတ ဒူကေးဟာ ကက်တာတမ်ဘို ဒေသက အခမ်းအနား တစ်ခုကို တက်ရောက်ပြီး ပြန်လာချိန်မှာ အခုလို တိုက်ခိုက်မှုနဲ့ ကြုံခဲ့တာပါ။ ကက်တာတမ်ဘို အပါအဝင် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နယ်စပ်တလျှောက်က ဒေသတွေဟာ ကိုကင်း မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ကိုကာပင်တွေ အများဆုံး စိုက်ပျိုးတဲ့ ဧရိယာတွေလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။