Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် Sinovac ကာကွယ်ဆေးအပေါ် အင်ဒိုနီးရှားမှာ သံသယ မေးခွန်းတွေ မြင့်တက်လာ

အရှေ့တောင်အာရှရဲ့ လူဦးရေ အထူထပ် အများပြားဆုံး နိုင်ငံကြီးဖြစ်တဲ့ အင်ဒိုနီးရှားဟာ လတ်တလောမှာ အဆိုးရွားဆုံး Covid-19 ရောဂါ ဂယက်ကို ခံစားနေရပါတယ်။ ဇူလိုင် ၄ ရက်မှာဆိုရင် တစ်နေ့တာ စံချိန်တင် အရေအတွက်အဖြစ် ကူးစက်လူနာအသစ် ၂၁၀၀၀ ကျော် တိုးပွားလာပါတယ်။

တရုတ် ကုမ္ပဏီ Sinovacက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံမှာ သံသယနဲ့ မေးခွန်းထုတ်မှုတွေ ပိုမို မြင့်တက်လာနေပါတယ်။

အင်ဒိုနီးရှားမှာ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေရဲ့ ၅၈.၅ ရာခိုင်နှုန်းဟာ တရုတ် ကုမ္ပဏီတွေဖြစ်တဲ့ Sinovac၊ Sinopharmနဲ့ CanSinoတို့က ထုတ်လုပ်တဲ့ အမျိုးအစားတွေပါ။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ တရုတ်လုပ် ကာကွယ်ဆေးတွေ အသုံးပြုမှု အချိုးအစားက အတိုင်းအတာ တစ်ရပ်ထိ ကျယ်ပြန့် များပြားနေပါတယ်။ မလေးရှားမှာဆိုရင် ကာကွယ်ဆေး စုစုပေါင်းရဲ့ ၄၄.၆ ရာခိုင်နှုန်း၊ ထိုင်းမှာ ၁၇.၃ ရာခိုင်နှုန်းနဲ့ ဖိလစ်ပိုင်မှာ ၁၆.၈ ရာခိုင်နှုန်းထိ တရုတ် ကာကွယ်ဆေးတွေ သုံးစွဲနေပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေ အထူထပ် အများပြားဆုံး နိုင်ငံကြီးဖြစ်တဲ့ အင်ဒိုနီးရှားဟာ လတ်တလောမှာ အဆိုးရွားဆုံး Covid-19 ရောဂါ ဂယက်ကို ခံစားနေရပါတယ်။ ဇူလိုင် ၄ ရက်မှာဆိုရင် တစ်နေ့တာ စံချိန်တင် အရေအတွက်အဖြစ် ကူးစက်လူနာအသစ် ၂၁၀၀၀ ကျော် တိုးပွားလာပါတယ်။

အင်ဒိုနီးရှားမှာ ကာကွယ်ဆေး အလုံးရေ ၁၀၄ သန်းကျော် ထိုးနှံထားပြီး တရုတ်ရဲ့ ကာကွယ်ဆေး တော်တော်များများ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ Sinopharmက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့် ထိုးနှံထားသူ တချို့က ရောဂါ ပြန်ကူးစက်တာ ခံရတဲ့အပြင် သေဆုံးသူတွေပါ ရှိနေတာကြောင့် ဆေးရဲ့ ထိရောက်မှု အာနိသင်အပေါ် မေးခွန်းတွေ ထွက်ပေါ်လာတာပါ။ အင်ဒိုနီးရှားဟာ ကာကွယ်ဆေး ဖူဖူလုံလုံ ရရှိရေးနဲ့ ပတ်သက်ပြီး တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်၊ မေလမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့နိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့ ရည်စူးကြောင်း ပြောကြားခဲ့ဖူးပါတယ်။ အင်ဒိုနီးရှားဟာ တခြားနိုင်ငံတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကိုပါ ဖြန့်ဝေပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ထိရောက်မှု အရမ်းနည်းပါးနေဆဲလို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။