Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခွဲစိတ်မှု ခံယူပြီးတဲ့နောက် ပုပ်ရဟန်းမင်းရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာ

ပုပ်ရဟန်းမင်းကြီးဟာ အရင်ကတည်းက ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ဖူးပေမယ့် ဆေးရုံတက် ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အသေးစိတ် ထုတ်ပြန် ကြေညာတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

ခွဲစိတ်မှု တစ်ခု ခံယူခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ကျန်းမာရေး ပြန်လည် တိုးတက်လာနေတယ်လို့ သိရပါတယ်။

သက်တော် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အူလမ်းကြောင်း အစိတ်အပိုင်းတချို့ ဖယ်ရှားဖို့အတွက် ခွဲစိတ်မှု ခံယူခဲ့ရတာပါ။ အခုတော့ ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေး အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးရဲ့ ကျန်းမာရေး တိုးတက်လာနေသလို ကောင်းကောင်းကြီး သတိရနေပြီလို့ ဗာတီကန် နန်းတော်က ဇူလိုင် ၅ ရက်မှာ ကြေညာပါတယ်။

ပုပ်ရဟန်းမင်းကြီးကို ပညာရှင် ၁၀ ဦးပါ အဖွဲ့က ရောမမြို့မှာ ဇူလိုင် ၄ ရက်က ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်တဲ့ အော်ပရေးရှင်းက သုံးနာရီ ကြာမြင့်ခဲ့တယ်လို့ ဗာတီကန် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ မက်တီယို ဘရူနီက ပြောကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရင်ကတည်းက ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ဖူးပေမယ့် ဆေးရုံတက် ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အသေးစိတ် ထုတ်ပြန် ကြေညာတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ ခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ခရီးသွားဆောင်းပါး

ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေဆဲ ဖြစ်ပေမယ့် ကုသမှုတွေ ဆက်လက် ခံယူရင်း အနားယူနေတယ်လို့ ဗာတီကန် နန်းတော်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နမိုးနီးယား အဆုတ်ရောဂါဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ် နှစ်ခုလုံးမှာ ဖြစ်ပွားနေပြီး ကုသဖို့အတွက်လည်း ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ဗာတီကန် နန်းတော်က အတည်ပြုခဲ့ပါတယ်။

သတင်း

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။