Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခွဲစိတ်မှု ခံယူပြီးတဲ့နောက် ပုပ်ရဟန်းမင်းရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာ

ပုပ်ရဟန်းမင်းကြီးဟာ အရင်ကတည်းက ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ဖူးပေမယ့် ဆေးရုံတက် ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အသေးစိတ် ထုတ်ပြန် ကြေညာတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

ခွဲစိတ်မှု တစ်ခု ခံယူခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ကျန်းမာရေး ပြန်လည် တိုးတက်လာနေတယ်လို့ သိရပါတယ်။

သက်တော် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အူလမ်းကြောင်း အစိတ်အပိုင်းတချို့ ဖယ်ရှားဖို့အတွက် ခွဲစိတ်မှု ခံယူခဲ့ရတာပါ။ အခုတော့ ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေး အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးရဲ့ ကျန်းမာရေး တိုးတက်လာနေသလို ကောင်းကောင်းကြီး သတိရနေပြီလို့ ဗာတီကန် နန်းတော်က ဇူလိုင် ၅ ရက်မှာ ကြေညာပါတယ်။

ပုပ်ရဟန်းမင်းကြီးကို ပညာရှင် ၁၀ ဦးပါ အဖွဲ့က ရောမမြို့မှာ ဇူလိုင် ၄ ရက်က ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်တဲ့ အော်ပရေးရှင်းက သုံးနာရီ ကြာမြင့်ခဲ့တယ်လို့ ဗာတီကန် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ မက်တီယို ဘရူနီက ပြောကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရင်ကတည်းက ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ဖူးပေမယ့် ဆေးရုံတက် ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အသေးစိတ် ထုတ်ပြန် ကြေညာတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။