Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူထောင်ဂဏန်းလောက် ကာကွယ်ဆေးအစား တခြားဆေး ထိုးပေးခံခဲ့ရတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့ ယူဆ

ဂျာမနီ နိုင်ငံမှာ သူနာပြု တစ်ဦးက လူပေါင်း ထောင်နဲ့ချီပြီး Covid-19 ကာကွယ်ဆေးအစား တခြားဆေးတစ်မျိုး ထိုးပေးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်အပေါ် အရေးတကြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

ဂျာမနီမြောက်ပိုင်း၊ ဖရိုင်းစ်လန်း ဒေသက ရဲတပ်ဖွဲ့ဟာ အသက် ၄၀ အရွယ် သူနာပြု အမျိုးသမီးရဲ့ လုပ်ရပ်ကြောင့် နောက်ဆက်တွဲ ထိခိုက်မှုတွေ ဘယ်လောက်ထိ ရှိနိုင်သလဲဆိုတာ စုံစမ်းနေကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီ သူနာပြုဟာ သူတာဝန်ယူပြီး ကာကွယ်ဆေး ထိုးရချိန်မှာ Saline Solution ဆေးရည်တွေ ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆေးရည်ဟာ ထိုးနှံခံရသူအတွက် အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ ဆေးထိုးပေးလိုက်သူတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဆေး ထိုးထားပြီးပြီလို့ ယူဆတဲ့အတွက် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

သူနာပြုက သူဟာ ဧပြီလတုန်းက ဆေးပုလင်းတွေ ကျကွဲသွားလို့ လူ ၆ ဦးကို Saline Solution အစားထိုးပြီး ဆေးထိုးမိခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ သူဆေးထိုးပေးခဲ့တာ လူပေါင်း ၈၆၀၀ ကျော် ရှိခဲ့ပြီး Saline Solution ထိုးပေးတာ ခံရသူ ထောင်နဲ့ချီ များပြားနိုင်တယ်ဆိုတဲ့ သံသယဝင်စရာ အခြေအနေတွေ တွေ့လာရပါတယ်။

သူနာပြုရဲ့ ရှေ့နေတွေကတော့ ဆေးပြောင်းထိုးပေးသူတွေ အများကြီးရှိတယ်ဆိုတဲ့ စွဲချက်ကို ပြောင်းလဲဖို့ အဓိက ကြိုးစားနေပါတယ်။ ဒီအမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ရဲတွေက မျက်မြင်တွေရဲ့ ထွက်ချက်တွေကို အဓိက စုစည်းနေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ပျမ်းမျှ တစ်နှစ်ကို ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း ၂၃၀ လောက်ထိ များပြားလေ့ရှိပြီး အဲဒီထဲက ၉၄ ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှာပါ။ ငှက်ဖျားကြောင့် ကမ္ဘာအနှံ့မှာ တစ်နှစ်ကို လူပေါင်း ၄ သိန်း ၁ သောင်းဝန်းကျင်လောက် သေဆုံးလေ့ ရှိတယ်လို့လည်း သိရပါတယ်။

သတင်း

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။