Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Covid-19 ကင်းစင် နိုင်ငံတွေ စာရင်းမှာ မပါတော့တဲ့ ကျွန်းနိုင်ငံလေး ပါလာအူ

အခုဆိုရင် Covid-19 ကင်းစင်နယ်မြေတွေ စာရင်းမှာ ပါလာအူ မပါတော့ဘဲ နောက်ထပ် ၁၃ နိုင်ငံသာ ကျန်ပါတော့တယ်။ အများစုကတော့ ပို့ဆောင် ဆက်သွယ်ရေး ခက်ခဲပြီး တသီးတခြား ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးတွေပါ။

ကျွန်းနိုင်ငံငယ်လေး ပါလာအူရဲ့ Covid-19 ကင်းစင်နယ်မြေအဖြစ် ရပ်တည်နေမှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဩဂုတ် ၂၁ ရက်က ပါလာအူမှာ ပထမဆုံးအကြိမ် ကပ်ရောဂါ ကူးစက်မှုတွေ စတင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဟာ ကပ်ရောဂါဂယက် စတင်လာချိန် ကတည်းက ရောဂါကူးစက်မှု လုံးဝ မရှိခဲ့တဲ့ ရှားရှားပါးပါး နိုင်ငံငယ်တွေထဲက တစ်ခုပါ။

ဂူအမ်ကနေ ရောက်ရှိလာတဲ့ ခရီးသည် နှစ်ယောက်ကို ဆေးစစ်ကြည့်ရာမှာ Positive အဖြေ ထွက်ပေါ်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုတော့ သူတို့နှစ်ဦးရော၊ အနီးကပ် ထိတွေ့မှု ရှိခဲ့သူ အားလုံးကိုပါ Quarantine ဝင်ဖို့ ညွှန်ကြားထားကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ပါလာအူရဲ့ လူဦးရေ ၁၈၀၀၀ လောက်သာရှိပြီး ၈၀ ရာခိုင်နှုန်းကျော်ထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးပါပြီ။ သမ္မတ ဆူရန်ဂဲလ် ဝှစ်ပ်စ်ကတော့ ပြည်သူတွေ အနေနဲ့ အလွန်အကျွံ စိုးရိမ်စရာ မလိုကြောင်း ပြောပါတယ်။ ပါလာအူဟာ Covid-19 ကင်းစင်နယ်မြေ မဟုတ်တော့ဘူး ဆိုရင်တောင် Covid-19နဲ့ ပတ်သက်ရင် ဘေးကင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ သမ္မတက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် Covid-19 ကင်းစင်နယ်မြေတွေ စာရင်းမှာ ပါလာအူ မပါတော့ဘဲ နောက်ထပ် ၁၃ နိုင်ငံသာ ကျန်ပါတော့တယ်။ အများစုကတော့ ပို့ဆောင် ဆက်သွယ်ရေး ခက်ခဲပြီး တသီးတခြား ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးတွေပါ။

လက်ရှိ အချိန်ထိ ကမ္ဘာတလွှားမှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၂၁၁ သန်းကျော် ရှိလာပြီး သေဆုံးသူ အရေအတွက်ကတော့ ၄.၄ သန်းကျော်ထိ များပြားနေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။