Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူပျောက်ရှာတဲ့ အဖွဲ့မှာ ကိုယ်တိုင်ဝင်ကူ လုပ်အားပေးခဲ့တဲ့ ပျောက်ဆုံးနေသူ

ဘူရာဆာ ပြည်နယ်က တောအုပ် တစ်ခုနားမှာ နေထိုင်တဲ့ ဘေဟန်း မွတ်လူဟာ အရက်မူးပြီး အခု သီတင်းပတ် အစောပိုင်းက အိမ်ပြန်ရောက်မလာပါဘူး။ စိတ်ပူနေတဲ့ ဇနီးနဲ့ မိတ်ဆွေတွေက သက်ဆိုင်ရာဆီ လူပျောက်ခဲ့တဲ့နောက် မွတ်လူကို လူစုလူဝေးနဲ့ ဖြန့်ကျက် ရှာဖွေခဲ့ကြပါတယ်။

တူရကီက အမျိုးသား တစ်ဦးဟာ သူပျောက်သွားလို့ လိုက်ရှာနေတဲ့ အဖွဲ့ထဲမှာ ကိုယ်တိုင် လုပ်အားဝင်ပေးပြီး ကူရှာပေးခဲ့ကြောင်း သိရပါတယ်။

ဘူရာဆာ ပြည်နယ်က တောအုပ် တစ်ခုနားမှာ နေထိုင်တဲ့ ဘေဟန်း မွတ်လူဟာ အရက်မူးပြီး အခု သီတင်းပတ် အစောပိုင်းက အိမ်ပြန်ရောက်မလာပါဘူး။ စိတ်ပူနေတဲ့ ဇနီးနဲ့ မိတ်ဆွေတွေက သက်ဆိုင်ရာဆီ လူပျောက်ခဲ့တဲ့နောက် မွတ်လူကို လူစုလူဝေးနဲ့ ဖြန့်ကျက် ရှာဖွေခဲ့ကြပါတယ်။

အနီးတဝိုက်မှာ ရှိနေတဲ့ ဒေသခံတွေကလည်း ရှာဖွေရေး အဖွဲ့နဲ့ ပူးပေါင်း ကူညီခဲ့ကြပြီး အဲဒီထဲမှာ အသက် ၅၀ အရွယ် မွတ်လူလည်း ပါဝင်ခဲ့ပါတယ်။ အရက်မူးနေတဲ့ မွတ်လူက ကယ်ဆယ်ရေး အဖွဲ့ကို ကူညီမယ်လို့ ဆုံးဖြတ်ပြီး ဘယ်သူမှန်း မသိတဲ့သူကို နာရီပေါင်း အတော်ကြာအောင် လိုက်ရှာပေးနေခဲ့ပါတယ်။

တောထဲက တစ်နေရာရောက်မှ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက သူ့နာမည်ကို အော်ခေါ်နေတာ ကြားသွားပြီး မွတ်လူက သူဒီမှာရှိနေတယ်လို့ ပြန်ထူးခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေလည်း ငိုအားထက် ရယ်အားသန်ဆိုသလို သူတို့ စိတ်ပူပြီး တောနင်းရှာနေတဲ့သူက သူတို့နဲ့ တစ်ချိန်လုံး အတူတူ ရှိနေမှန်း သိသွားကြပါတော့တယ်။

Public Service Announcement

Public Service Announcement

သူ့ကြောင့် လူတွေ ဗြောင်းဆန်နေကြတယ်ဆိုတာ သိသွားတော့ မွတ်လူက သူ့ကို အပြစ်ကြီးကြီး မပေးဖို့နဲ့ အဖေသိရင် သူ့ကို သတ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်တော့ ရဲတစ်ယောက်က ကားမောင်းပြီး မွတ်လူကို အိမ်အထိ ပြန်ပို့ပေးခဲ့ပါတယ်။ သူ့ကို နောက်ဆက်တွဲ ဒဏ်ရိုက်မလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

Facebook