Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးရင်တောင် မိသားစုဝင် အချင်းချင်း ရောဂါကူးစက်နိုင်

ဗြိတိန်မှာ မိသားစုအလိုက် ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ နောက်ဆက်တွဲ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ ပညာရှင်တွေက ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေဟာ ကိုယ်တိုင် ရောဂါလက္ခဏာတွေ အပြင်းအထန် ခံစားရတာမျိုး နည်းသွားနိုင်ပေမယ့် လုံးဝဥဿုံ ရောဂါမကူးဘူးလို့တော့ အာမ မခံနိုင်ကြောင်း ပြောပြပါတယ်။

ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးပြီ ဆိုရင်တောင် မိသားစုထဲမှာ ရောဂါ ဖြန့်ဝေ ကူးစက်မိတာမျိုး ရှိနိုင်သေးကြောင်း ဗြိတိန်နိုင်ငံက သုတေသီတွေက သတိပေးခဲ့ပါတယ်။

ဗြိတိန်မှာ မိသားစုအလိုက် ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ နောက်ဆက်တွဲ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ ပညာရှင်တွေက ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေဟာ ကိုယ်တိုင် ရောဂါလက္ခဏာတွေ အပြင်းအထန် ခံစားရတာမျိုး နည်းသွားနိုင်ပေမယ့် လုံးဝဥဿုံ ရောဂါမကူးဘူးလို့တော့ အာမ မခံနိုင်ကြောင်း ပြောပြပါတယ်။

ဒါကြောင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးတာတောင် ရောဂါ သယ်ဆောင်သူ ဖြစ်နေနိုင်ပြီး ဆေးမထိုးရသေးတဲ့ မိသားစုဝင်တွေဆီ ထပ်ဆင့် ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက ရှင်းပြပါတယ်။ မိသားစု တစ်ခုတည်းမှာ ကာကွယ်ဆေး ထိုးထားသူ၊ ထိုးမထားသူ ရောနှောနေရင် ဆေးထိုးထားသူဆီကနေ ဆေးမထိုးထားသူတွေဆီ ရောဂါ ပျံ့နှံ့ ကူးစက်နိုင်ခြေက ၃၈ ရာခိုင်နှုန်းလောက် များပြားနေဆဲလို့ ဆိုပါတယ်။

ဒါပေမဲ့ တစ်အိမ်လုံး ကာကွယ်ဆေး ထိုးထားကြရင်တော့ အချင်းချင်း ရောဂါ ကူးစက်နိုင်ခြေက ၂၅ ရာခိုင်နှုန်းထိ ကျသွားပါတယ်။ ဆေးထိုးထားတဲ့အတွက် ရောဂါ ကူးစက်နေကြတဲ့တိုင် လက္ခဏာတွေ ပြင်းထန်တာမျိုး ဖြစ်နိုင်ခြေကတော့ အတော် နည်းသွားပါတယ်။

Public Service Announcement

Public Service Announcement

Lancet ကူးစက်ရောဂါ သုတေသန ဌာနဟာ ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကိုဗစ်ရောဂါ ဆက်လက် ကူးစက်မှုတွေရဲ့ အကြောင်းရင်းကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ ကိုယ့်နားမှာ ရှိနေသူတွေ အများစု ဆေးထိုးထားတဲ့အတွက် ကိုယ်တိုင် ကာကွယ်ဆေး ထိုးစရာ မလိုဘူး ဆိုတာမျိုး အပိုင်တွက်လို့ မရကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် ဖျားနာတာ၊ သေဆုံးတာမျိုး ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပေမယ့် ရောဂါ ကူးစက်မှုကို ကာကွယ်တဲ့ အပိုင်းမှာတော့ အရမ်း အားမကောင်းသေးဘူးလို့လည်း ဆိုပါတယ်။ နောက်ပြီး အချိန်ကြာလာတဲ့အခါ ဆေးရဲ့ အာနိသင် ကျဆင်းလာတဲ့အတွက် Booster အားဖြည့်ဆေး ထပ်ထိုးဖို့ လိုတယ်လို့လည်း ဗြိတိန် သုတေသီတွေက ထောက်ခံခဲ့ပါတယ်။

ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူတွေမှာ သာမန်ထက် ပိုနည်းသွားပေမယ့် ရောဂါ ကူးစက် ဖြန့်ဝေနိုင်တဲ့ အန္တရာယ်မျိုးက ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာတဲ့ အချိန်မှာ ဒီအခြေအနေက ပိုထင်ရှားလာကြောင်း သိရပါတယ်။

လန်ဒန် အင်ပီရီရယ်လ် ကောလိပ်ရဲ့ ပရော်ဖက်ဆာ လယ်လ်ဗာနီက ကာကွယ်ဆေး ထိုးထားသူတွေနဲ့ ထိုးမထားသူတွေက နီးနီးကပ်ကပ် ပတ်ဝန်းကျင်မှာ နေထိုင်ကြမယ်ဆိုရင် ရောဂါ ဖြန့်ဝေမှု အန္တရာယ်က အတော် ကြီးကြီးမားမား ရှိနေဆဲဆိုတာ အတည်ပြုနိုင်ကြောင်း၊ အထူးသဖြင့် ဆောင်းတွင်းလို ရာသီဥတု အေးမြတဲ့ ကာလတွေမှာ ပိုပြီး သတိထားဖို့လိုကြောင်း၊ ကာကွယ်ဆေး ဒုတိယအလုံး ထိုးပြီး လအနည်းငယ်လောက် အကြာမှာ ဒီပြဿနာမျိုး ပိုအတွေ့များတာကြောင့် အချိန် အတိုင်းအတာ တစ်ခုကြာရင် Booster ထပ်ထိုးသင့်တယ်လို့ အကြံပြုလိုကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။