Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ် စမ်းသပ်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကမ္ဘာတစ်ပတ် ပျံခဲ့တယ်လို့ဆို

အမေရိကန် စစ်တပ်ရဲ့ ဒုတိယ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဂျွန်ဟိုင်တန်က တရုတ် စမ်းသပ်ခဲ့တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကမ္ဘာ့လေထု ပြင်ပကနေ ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်ပျံခဲ့တယ်လို့ CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တရုတ်က စမ်းသပ်ခဲ့တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကမ္ဘာကို တစ်ပတ်ပတ်ပြီး ပျံသန်းခဲ့ကြောင်း အမေရိကန် ထိပ်တန်း စစ်ဦးစီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

နွေရာသီတုန်းက တရုတ်ဟာ ဟိုက်ပါဆောနစ် အသံလွန် မြန်နှုန်းမြင့် ဒုံးကျည်တစ်စင်း ပစ်လွှတ် စမ်းသပ်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။ တရုတ် စစ်တပ်ကတော့ ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ လက်နက် ပြိုင်ဆိုင်မှု နယ်ပယ်မှာ ဟိုက်ပါဆောနစ် နည်းပညာဟာ နောက်ဆုံး မျက်နှာစာသစ်တစ်ခု ဖြစ်လာပါတယ်။

အမေရိကန် စစ်တပ်ရဲ့ ဒုတိယ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဂျွန်ဟိုင်တန်က တရုတ် စမ်းသပ်ခဲ့တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကမ္ဘာ့လေထု ပြင်ပကနေ ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်ပျံခဲ့တယ်လို့ CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ တာဝေးပစ် ဒုံးကျည် တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း၊ ဒုံးကျည်နဲ့ ချိတ်ဆက်ထားတဲ့ ဟိုက်ပါဆောနစ် ယာဉ်ငယ်ဟာ ကမ္ဘာ တစ်ပတ်ပြည့်အောင် ပျံပြီးတဲ့နောက် တရုတ်မှာရှိတဲ့ ပစ်မှတ်ဆီ ကျရောက်ခဲ့ကြောင်း ဟိုင်တန်က ဆိုပါတယ်။ ဒီဒုံးကျည်ဟာ ပစ်မှတ်ကို တည့်တည့် ထိမှန်သလားလို့ CBSက မေးမြန်းတဲ့အခါ ဟိုင်တန်က ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိတယ်လို့ ပြန်ဖြေသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အနာဂတ်မှာ တရုတ်က အမေရိကန်ကို နျူကလီးယား ထိပ်ဖူးတပ် ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ အလစ်အငိုက် တိုက်ခိုက်တာမျိုး ကြုံလာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ တရုတ်ဟာ စစ်ပွဲဖြစ်ရင် လက်ဦးမှု ရယူနိုင်မယ့် လက်နက်တွေကို တည်ဆောက်နေတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်းလည်း ဟိုင်တန်က ပြောပါတယ်။

ဟိုက်ပါဆောနစ် နည်းပညာသုံး လက်နက်တွေကို အမေရိကန်နဲ့ ရုရှားတို့ကလည်း စမ်းသပ်နေပြီး တရုတ်ကတော့ ပွင့်ပွင့်လင်းလင်း ကြေညာထားတာမျိုး မရှိသေးပါဘူး။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အသံထက် ၅ ဆကျော် ပိုမြန်အောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။ တကယ်လို့ တရုတ်မှာ ဟိုက်ပါဆောနစ် လက်နက်တွေ ပိုင်ဆိုင်လာပြီဆိုရင် အမေရိကန်က လက်ရှိ အသုံးပြုနေတဲ့ ဒုံးခွင်းဒုံး နည်းပညာတွေနဲ့ ဟန့်တားဖို့ မလွယ်ကြောင်း လက်နက် ပါရဂူတွေက တညီတညွတ်တည်း သုံးသပ်ထားပါတယ်။

ဒါ့အပြင် တရုတ်ဟာ နျူကလီးယား လက်နက်တိုက်ကို ပိုမို အင်အား ဖြည့်တင်းနေပြီး အခုဆယ်စုနှစ် အကုန်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ လောက် ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန်မှာတော့ နျူကလီးယား ထိပ်ဖူး ၃၇၅၀ လောက် ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။