Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘူလ်ဂေးရီးယားမှာ ဘတ်စ်ကား မီးလောင်ပြီး ၄၅ ဦးထက်မနည်း သေဆုံး

ဘတ်စ်ကား မီးလောင်ချိန်မှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူ ၇ ဦးလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ မြောက်ပိုင်း မက်စီဒိုးနီးယား နိုင်ငံရဲ့ လိုင်စင် တပ်ထားပါတယ်။

ဘူလ်ဂေးရီးယား နိုင်ငံမှာ ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံ အနောက်ပိုင်းက အဝေးပြေး လမ်းမကြီး တစ်ခုပေါ်မှာ နိုဝင်ဘာ ၂၂ ရက်က ဆိုးရွားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဘော့စ်နက်ခ် ကျေးရွာနားမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် သေဆုံးသူ အများအပြား ရှိခဲ့ပြီး ကလေးတွေလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဘတ်စ်ကား မီးလောင်ချိန်မှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူ ၇ ဦးလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ မြောက်ပိုင်း မက်စီဒိုးနီးယား နိုင်ငံရဲ့ လိုင်စင် တပ်ထားပါတယ်။

အဲဒီ ဘတ်စ်ကားဟာ တူရကီကနေ ဘူလ်ဂေးရီးယားကို ဖြတ်ပြီး မြောက်ပိုင်း မက်စီဒိုးနီးယားကို ဦးတည် မောင်းနှင်နေခဲ့တာပါ။ လတ်တလောမှာတော့ မီးလောင်မှု ဖြစ်တဲ့ နေရာတဝိုက်ကို ပိတ်ဆို့ထားပြီး ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဘတ်စ်ကား မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မြောက်ပိုင်း မက်စီဒိုးနီးယား ဝန်ကြီးချုပ် ဇိုရန်ဇေ့ဗ်ဟာ နှစ်နိုင်ငံ ကယ်ဆယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဘူလ်ဂေးရီးယား အာဏာပိုင်တွေဆီ ဆက်သွယ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။