Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘူလ်ဂေးရီးယားမှာ ဘတ်စ်ကား မီးလောင်ပြီး ၄၅ ဦးထက်မနည်း သေဆုံး

ဘတ်စ်ကား မီးလောင်ချိန်မှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူ ၇ ဦးလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ မြောက်ပိုင်း မက်စီဒိုးနီးယား နိုင်ငံရဲ့ လိုင်စင် တပ်ထားပါတယ်။

ဘူလ်ဂေးရီးယား နိုင်ငံမှာ ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံ အနောက်ပိုင်းက အဝေးပြေး လမ်းမကြီး တစ်ခုပေါ်မှာ နိုဝင်ဘာ ၂၂ ရက်က ဆိုးရွားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဘော့စ်နက်ခ် ကျေးရွာနားမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် သေဆုံးသူ အများအပြား ရှိခဲ့ပြီး ကလေးတွေလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဘတ်စ်ကား မီးလောင်ချိန်မှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူ ၇ ဦးလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ မြောက်ပိုင်း မက်စီဒိုးနီးယား နိုင်ငံရဲ့ လိုင်စင် တပ်ထားပါတယ်။

အဲဒီ ဘတ်စ်ကားဟာ တူရကီကနေ ဘူလ်ဂေးရီးယားကို ဖြတ်ပြီး မြောက်ပိုင်း မက်စီဒိုးနီးယားကို ဦးတည် မောင်းနှင်နေခဲ့တာပါ။ လတ်တလောမှာတော့ မီးလောင်မှု ဖြစ်တဲ့ နေရာတဝိုက်ကို ပိတ်ဆို့ထားပြီး ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဘတ်စ်ကား မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မြောက်ပိုင်း မက်စီဒိုးနီးယား ဝန်ကြီးချုပ် ဇိုရန်ဇေ့ဗ်ဟာ နှစ်နိုင်ငံ ကယ်ဆယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဘူလ်ဂေးရီးယား အာဏာပိုင်တွေဆီ ဆက်သွယ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။