Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရပ်တန့်သွားတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ အမျိုးအစား ကွဲပြားတဲ့ ဒုံးကျည် တော်တော်များများကိုလည်း စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားဟာ အရှေ့ဖက် ပင်လယ်ပြင်ကို အမည်မသိ စစ်လက်နက်တစ်ခု ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ကြေညာပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီ အမည်မသိ စစ်လက်နက် ဆိုတာက ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။

၂၀၂၂ ခုနှစ်အတွက် နိုင်ငံရဲ့ ပထမဆုံး အဓိက လက်နက် စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကီလိုမီတာ ၇၀၀ လောက် ပျံသန်းသွားပြီး ပင်လယ်ထဲမှာ ကြိုတင် စီစဉ်ထားတဲ့ ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တယ်လို့ KCNAက ကြေညာပါတယ်။ မြောက်ကိုရီးယား အတွက်တော့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေ စမ်းသပ်တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

အစောပိုင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကြွေးကြော်ခဲ့ပြီး အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာဟာ အင်အားကြီး ကမ္ဘာ့နိုင်ငံတွေ အပြိုင်အဆိုင် တီထွင်နေတဲ့ နောက်ဆုံးပေါ် လက်နက် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာတွေဟာ မြန်နှုန်း အရမ်းမြင့်မြင့် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့ အရမ်းခက်ခဲလာမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရပ်တန့်သွားတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ အမျိုးအစား ကွဲပြားတဲ့ ဒုံးကျည် တော်တော်များများကိုလည်း စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။