Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရပ်တန့်သွားတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ အမျိုးအစား ကွဲပြားတဲ့ ဒုံးကျည် တော်တော်များများကိုလည်း စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားဟာ အရှေ့ဖက် ပင်လယ်ပြင်ကို အမည်မသိ စစ်လက်နက်တစ်ခု ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ကြေညာပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီ အမည်မသိ စစ်လက်နက် ဆိုတာက ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်အတွက် နိုင်ငံရဲ့ ပထမဆုံး အဓိက လက်နက် စမ်းသပ်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ ကီလိုမီတာ ၇၀၀ လောက် ပျံသန်းသွားပြီး ပင်လယ်ထဲမှာ ကြိုတင် စီစဉ်ထားတဲ့ ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တယ်လို့ KCNAက ကြေညာပါတယ်။ မြောက်ကိုရီးယား အတွက်တော့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေ စမ်းသပ်တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

အစောပိုင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကြွေးကြော်ခဲ့ပြီး အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာဟာ အင်အားကြီး ကမ္ဘာ့နိုင်ငံတွေ အပြိုင်အဆိုင် တီထွင်နေတဲ့ နောက်ဆုံးပေါ် လက်နက် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာတွေဟာ မြန်နှုန်း အရမ်းမြင့်မြင့် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့ အရမ်းခက်ခဲလာမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရပ်တန့်သွားတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ အမျိုးအစား ကွဲပြားတဲ့ ဒုံးကျည် တော်တော်များများကိုလည်း စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။