Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားက အကျဉ်းထောင် တစ်ခုကို အိုင်အက်စ်တွေ ဝင်စီးနင်းရာက လူ ၇၀ ထက်မနည်း သေဆုံး

နှစ်ဖက် ရင်ဆိုင် တိုက်ပွဲတွေအတွင်း ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင် ၂၈ ဦးထက်မနည်းနဲ့ အရပ်သား ပြည်သူ ၅ ဦး သေဆုံးပြီး အိုင်အက်စ် အဖွဲ့ဝင် ၅၈ ဦးလောက် သုတ်သင် ခံခဲ့ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ဆီးရီးယား နိုင်ငံ ပိုင်နက်ထဲက အကျဉ်းထောင် တစ်ခုကို အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ဝင်ရောက် စီးနင်းရာက တိုက်ပွဲတွေ ဖြစ်ပွားပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ် မျိုးနွယ်စု ပြည်သူ့စစ်တွေ ထိန်းချုပ်ထားရာ ဟာဆာကာမြို့က အကျဉ်းထောင်ကို အခုသီတင်းပတ်ကုန်မှာ အိုင်အက်စ်တွေက စီးနင်းဖို့ အားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်က လက်နက် ထောက်ပံ့ပေးထားတဲ့ ကာ့ဒ်တွေဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့အတွက် ကမ္ဘာ့ရန်လို့ ဆိုနိုင်ပါတယ်။

အိုင်အက်စ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသိသာသာ အင်အား လျော့ကျသွားရာကနေ ဟာဆာကာမှာရှိတဲ့ အကျဉ်းထောင်ကို အလုံးအရင်းနဲ့ တကျော့ပြန် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ဂါဝေရန်း ထောင်ထဲမှာ အိုင်အက်စ်ရဲ့ ခေါင်းဆောင်တချို့ အပါအဝင် အကျဉ်းသား ၃၅၀၀ လောက်ကို မဆံ့မပြဲ အခြေအနေမျိုးနဲ့ ချုပ်နှောင် ဖမ်းဆီးထားပါတယ်။

အိုင်အက်စ်တွေက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုထဲမှာ သူတို့ရဲ့ လူတချို့ကို အကျဉ်းထောင်ထဲက ကယ်ထုတ်သွားတာ တွေ့ရပါတယ်။ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့ဝင် ရာနဲ့ချီပြီး လွတ်မြောက်သွားပေမယ့် အခုအခါမှာ အတော်များများ ပြန်အဖမ်းခံရပြီး ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် ရင်ဆိုင် တိုက်ပွဲတွေအတွင်း ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင် ၂၈ ဦးထက်မနည်းနဲ့ အရပ်သား ပြည်သူ ၅ ဦး သေဆုံးပြီး အိုင်အက်စ် အဖွဲ့ဝင် ၅၈ ဦးလောက် သုတ်သင် ခံခဲ့ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

အိုင်အက်စ်ဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒစွဲ အကြမ်းဖက် အဖွဲ့အစည်းတွေမှာ အအောင်မြင်ဆုံး အခြေအနေမျိုးထိ ရောက်ရှိခဲ့ပြီး ဆီးရီးယားနဲ့ အီရတ်မှာ သိမ်းယူထားတဲ့ နယ်မြေတွေကို စုပေါင်းပြီး ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံအနေနဲ့ သတ်မှတ် ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အင်အားစုတွေ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိုင်အက်စ်ရဲ့ ရပ်တည်မှုဟာ ချုပ်ငြိမ်းလုနီးပါး ဖြစ်သွားပါတယ်။ အခုလို အကျဉ်းထောင်ကို တိုက်ခိုက်လာတာဟာ နောက်ပိုင်း ကာလတွေအတွင်း အိုင်အက်စ်ရဲ့ ရည်မှန်းချက် အကြီးဆုံး စစ်ရေး လှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ နိုင်ငံပေါင်း ၅၀ ကျော်က အိုင်အက်စ် သစ္စာတော်ခံ အကြမ်းဖက်သမား ထောင်သောင်းချီပြီး ကာ့ဒ်တွေရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။