Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာနိုင်ငံက မျောက်တစ်မျိုး အပါအဝင် မဟာမဲခေါင်မှာ သက်ရှိ မျိုးစိတ်သစ် ၂၀၀ ကျော် တွေ့ရှိ

ဗီယက်နမ်မှာတော့ သုတေသီတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၀၀ လောက် မြင့်မားတဲ့ ကိုင်ကွမ်ဆန်း တောင်ပေါ်မှာ အရောင်အသွေး တောက်ပလွန်းတဲ့ ဖားမျိုးစိတ်သစ် တစ်ခုကို ရှာတွေ့ခဲ့ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ မျောက်တစ်မျိုး အပါအဝင် မဟာမဲခေါင် ဒေသမှာ သက်ရှိ မျိုးစိတ်သစ် ၂၂၄ ခုကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF)က ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာတို့ကို စုစည်းခေါ်ဝေါ်တဲ့ မဟာမဲခေါင် ဒေသက ကွဲပြားစုံလင်တဲ့ သက်ရှိ မျိုးစိတ်တွေကို စောင့်ရှောက် ထိန်းသိမ်းရေး ပိုမို အရှိန်မြှင့် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း WWFက ပြောပါတယ်။ အခု အသစ်တွေ့ရှိတဲ့ သက်ရှိ မျိုးစိတ်တွေထဲမှာ တွားသွား သတ္တဝါတွေ၊ ဖားတွေ၊ ငါးတွေ၊ ပုတ်သင်တွေနဲ့ အပင်မျိုးစိတ်သစ် ၁၅၅ မျိုး ပါဝင်ပါတယ်။ အဲဒီထဲက ဝါးပင်တစ်မျိုးဟာ လာအိုနိုင်ငံ ပိုင်နက်ထဲမှာသာ ပေါက်ရောက် ရှင်သန်နေတယ်လို့ သိရပါတယ်။

မဟာမဲခေါင် ဒေသဟာ အာရှဆင်တွေ၊ ကျားတွေ အပါအဝင် ရှားပါး တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေ သဘာဝအတိုင်း ရှင်သန် ကျက်စားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မျိုးစိတ်သစ် အနေနဲ့ တွေ့ရှိတဲ့ ပုပ္ပါး မျောက်မြီးရှည်ဟာ အညိုရင့်၊ ဒါမှမဟုတ် မီးခိုးရင့်ရောင် အမွေးတွေ ဖုံးလွှမ်းထားပေမယ့် မျက်လုံးတဝိုက် မျက်ကွင်း ဧရိယာမှာတော့ ဆွတ်ဆွတ်ဖြူနေတာ တွေ့ရပါတယ်။

အဲဒီမျောက်တွေကို ၂၀၁၈ တုန်းက WWFရဲ့ ကင်မရာ ထောင်ချောက်က မှတ်တမ်းတင် တွေ့ရှိခဲ့ပြီး အခုမှသာ DNA စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် မျိုးစိတ်သစ် တစ်ခုအနေနဲ့ စာရင်းသွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မီးငြိမ်းတောင် တစ်ခုဖြစ်တဲ့ ပုပ္ပါးတောင်ရဲ့ မတ်စောက်တဲ့ ကမ်းပါး နံရံတွေမှာ ကျက်စား နေထိုင်တဲ့ မျောက်တွေမို့လည်း ဒေသကို အစွဲပြုပြီး နာမည် မှည့်ထားတာပါ။ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယူနီယံက အဲဒီ မျောက်မျိုးစိတ်ဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ မျက်ဝါးထင်ထင် ရင်ဆိုင်နေရပြီး အကောင်ရေ ၂၀၀ နဲ့ ၂၅၀ ကြားလောက်သာ ကျန်နိုင်ကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ်မှာတော့ သုတေသီတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၀၀ လောက် မြင့်မားတဲ့ ကိုင်ကွမ်ဆန်း တောင်ပေါ်မှာ အရောင်အသွေး တောက်ပလွန်းတဲ့ ဖားမျိုးစိတ်သစ် တစ်ခုကို ရှာတွေ့ခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်ကစလို့ မဟာမဲခေါင်နဲ့ ဆက်စပ်ရပ်ဝန်း ဒေသတွေမှာ မျိုးစိတ်သစ်ပေါင်း ၃၀၀၀ ကျော်ထိ ဖော်ထုတ် တွေ့ရှိခဲ့ပြီးပြီလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လူနေဧရိယာ တိုးချဲ့မှုတွေ၊ သစ်ထုတ်လုပ်တာတွေ ရှိနေပေမယ့် မဟာမဲခေါင် ဒေသထဲက ဧရာမ အပူပိုင်း အမြဲစိမ်း သစ်တောကြီးတွေထဲကို လူသူ အရောက်အပေါက် နည်းလွန်းပြီး စူးစမ်း ရှာဖွေစရာတွေ အများအပြား ကျန်နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သက်ရှိမျိုးစိတ်သစ်တွေတိုင်းဟာ တောနက်နက်ထဲမှာ ရှာတွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ WWFက Stink Bugလို့ နာမည်ပေးထားတဲ့ အပင်မျိုးစိတ်သစ် တစ်ခုဆိုရင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာ ရှိနေတာကို မတော်တဆ သတိထားမိခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။