Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်ဟာ ဖော့စ်ဖရပ်စ် မီးစုန်းဗုံးတွေ သုံးနေတယ်လို့ ယူကရိန်း စွပ်စွဲ

ဇီလန်စကီးဟာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ NATO အဖွဲ့ အထူးညီလာခံကို အွန်လိုင်းကနေ ချိတ်ဆက် တက်ရောက်ခဲ့ပြီး ယူကရိန်းအတွက် စစ်ရေး အကူအညီတွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုသွားပါတယ်။

ရုရှားစစ်တပ်ဟာ နိုင်ငံတကာမှာ ကန့်သတ်ထားတဲ့ စစ်လက်နက် တစ်မျိုးဖြစ်တဲ့ မီးစုန်းဖြူတွေကို စစ်ပွဲမှာ အသုံးပြုနေတယ်လို့ ယူကရိန်း သမ္မတက စွပ်စွဲ ပြောကြားသွားပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ရည်ညွှန်းတဲ့ မီးစုန်းဖြူတွေဟာ နိုင်ငံတကာမှာ သုံးစွဲခွင့် ကန့်သတ်ထားပေမယ့် အပြည့်အဝ ပိတ်ပင်ထားတာတော့ မဟုတ်ပါဘူး။ ရုရှားတွေဟာ အခုအခါမှာ မီးစုန်းဖြူ ဖော့စ်ဖရပ်စ် ဗုံးတွေပါ ကြဲချပြီး ယူကရိန်းကို တိုက်ခိုက်နေကြောင်း၊ ဒီလုပ်ရပ်ကြောင့် ကလေးတွေ အပါအဝင် အရပ်သား ပြည်သူတွေ သေဆုံးနေရကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ဇီလန်စကီးဟာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ NATO အဖွဲ့ အထူးညီလာခံကို အွန်လိုင်းကနေ ချိတ်ဆက် တက်ရောက်ခဲ့ပြီး ယူကရိန်းအတွက် စစ်ရေး အကူအညီတွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုသွားပါတယ်။

မီးစုန်းဖြူဟာ မီးလောင်အား အရမ်းပြင်းထန်ပြီး ထိတွေ့မိသူတိုင်း သေဆုံးနိုင်တဲ့ စစ်လက်နက် တစ်မျိုး ဖြစ်ပါတယ်။ မီးစုန်းဖြူကို စစ်မြေပြင်မှာ တပ်တွေကို အကာအကွယ်ယူ ရွေ့လျားနိုင်စေဖို့ မီးခိုး ကန့်လန့်ကာတွေ ဖန်တီးရာမှာလည်း အသုံးပြုလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရုရှားဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ရာမှာ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေ ပိုမို ကျူးလွန်လာနေကြောင်း၊ NATO အနေနဲ့ စစ်ပွဲမှာ ပိုပြီး တိုက်ရိုက်ကျကျ ပါဝင်လာဖို့ လိုနေပြီ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ရုရှားစစ်တပ်တွေ မီးစုန်းဗုံးတွေ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို လောလောဆယ် အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။ နိုင်ငံတကာ ဥပဒေတွေမှာ ဖော့စ်ဖရပ်စ် အသုံးပြုမှုကို ဓာတုလက်နက် စာရင်းထဲ ထည့်မထားပါဘူး။

အမေရိကန် အစိုးရဟာ ရုရှားအနေနဲ့ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း မတ်လ ၂၄ ရက်မှာ တရားဝင် စွပ်စွဲလိုက်ပါတယ်။ ရုရှားစစ်တပ် အနေနဲ့ လူနေ ဧရိယာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဗုံးခိုစခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တယ်လို့လည်း အမေရိကန်က အတည်ပြု ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။