Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇီကာဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ပညာရှင်တွေ သတိပေး

ဇီကာဟာ ခြင်ကိုက်ရာကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးပါ။ အခုတွေ့ရှိထားတဲ့ ဗီဇပြောင်း ဇီကာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေနဲ့ ပတ်သက်ရင် သတိထား စောင့်ကြည့်သင့်ကြောင်း အမေရိကန် ဆေးသုတေသန ပညာရှင်တွေက သတိပေးထားပါတယ်။

မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေနဲ့အတူ ဇီကာဗိုင်းရပ်စ် ကူးစက်မှုတွေ နောက်တစ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့် စတင်လာနိုင်ခြေ ရှိနေကြောင်း သုတေသီတွေက သတိပေးလိုက်ပါတယ်။

၂၀၁၆ မှာ ဘရာဇီးနိုင်ငံက အစပြုလာတဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်မှုတွေက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ဇီကာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ဇီကာ အဖျားရောဂါဟာ မပြင်းထန်လှဘဲ အပျော့စား တုပ်ကွေးဆန်ဆန် လက္ခဏာတွေလောက်သာ ပြသလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အဓိက ကြုံတွေ့ရတဲ့ ပြဿနာဟာ ရောဂါ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင် မိခင်တချို့ဟာ ဦးခေါင်းသေးငယ်တဲ့ ကလေးတွေ မွေးဖွားခဲ့ခြင်းပါပဲ။

ဒီလို ခန္ဓာကိုယ် အစိတ်အပိုင်း အရွယ်အစား မူမမှန်တဲ့ ကလေးမွေးဖွားမှုတွေဟာ ဇီကာဗိုင်းရပ်စ်နဲ့ ဘယ်လိုဘယ်ပုံ တိုက်ရိုက် ဆက်စပ်သလဲဆိုတာ ဆေးပညာရှင်တွေကြား အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် ဇီကာဖိစီးနေတဲ့ ကာလမှာ ဦးခေါင်းသေးငယ်ပြီး ဦးနှောက်ထိခိုက်ထားတဲ့ ကလေးငယ်တွေ ထောင်နဲ့ချီ မွေးဖွားခဲ့ခြင်းက တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ခဲ့ပါဘူး။

ဇီကာဟာ ခြင်ကိုက်ရာကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးပါ။ အခုတွေ့ရှိထားတဲ့ ဗီဇပြောင်း ဇီကာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေနဲ့ ပတ်သက်ရင် သတိထား စောင့်ကြည့်သင့်ကြောင်း အမေရိကန် ဆေးသုတေသန ပညာရှင်တွေက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အခု တွေ့ရှိထားတဲ့ ဗီဇပြောင်း ဇီကာဗိုင်းရပ်စ် တချို့ဟာ အရင်က အလုံးအရင်း ကူးစက်မှုတွေ ကြုံတွေ့ပြီး သဘာဝအတိုင်း ကိုယ်ခံအား တည်ဆောက်ထားတဲ့ နိုင်ငံတွေမှာပါ ကူးစက်မှု အသစ်တွေ ဖြစ်လာစေနိုင်တယ်လို့ လာဂျိုလာ ကိုယ်ခံအား ဆေးပညာဌာနရဲ့ သုတေသီတွေက ဆိုပါတယ်။

ပုံမှန်ဆိုရင်တော့ ဇီကာအဖျား ရောဂါဟာ အတော်လေး ပျော့ပျောင်းလေ့ရှိပြီး သိပ်လည်းကြာကြာ ဖြစ်လေ့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေကို ကူးစက်တဲ့အခါ သန္ဓေသားအတွက် အရမ်းဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံလာမှာကို အလေးအနက် စိုးရိမ်ရပါတယ်။

မိခင်လောင်း တစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီကာ ကူးစက်ခံရရင် ဗိုင်းရပ်စ်က သန္ဓေသားရဲ့ ဖွံ့ဖြိုးမှု မူမမှန်အောင် ထိုးနှက်နိုင်ပါတယ်။ အထူးသဖြင့် သန္ဓေသားရဲ့ ဦးနှောက်တစ်ရှူးတွေကို ဖျက်ဆီးတိုက်ခိုက်နိုင်ပါတယ်။ လောလောဆယ် ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်တွေရဲ့ ကူးစက်မှုနှုန်းဟာ စိုးရိမ်ရတဲ့ အဆင့်ထိ မရောက်သေးပေမယ့် အခြေအနေတွေက အနှေးနဲ့အမြန် ပြောင်းလဲသွားနိုင်တယ်လို့လည်း သုတေသီတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Facebook