Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီး၊ မြေပြိုမှုတွေကြောင့် တောင်အာဖရိကမှာ လူ ၃၀၀ ကျော် သေဆုံး

ဒီဖြစ်ရပ်တွေဟာ တောင်အာဖရိက နိုင်ငံသမိုင်းမှာ အမှောင်မိုက်ဆုံး နေ့ရက်တစ်ခုကို ကြုံတွေ့စေခဲ့ကြောင်း ကွာဇူလူနက်တဲလ် ပြည်နယ် အစိုးရအဖွဲ့က Twitterမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြည်နယ်ဟာ သဘာဝ ဘေးအန္တရာယ်ကို အဆိုးဆုံး ကြုံတွေ့နေတဲ့ နေရာတစ်ခုပါ။ ပြည်နယ်ထဲမှာ ဆိပ်ကမ်းမြို့ကြီး တစ်ခုဖြစ်တဲ့ ဒါဘန်လည်း ဖွဲ့စည်း ပါဝင်နေပါတယ်။

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် တောင်အာဖရိက နိုင်ငံမှာ လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၄ ရက် မနက်ပိုင်းထိ စာရင်းတွေအရ သဘာဝ ဘေးဆိုးကြောင့် သေဆုံးသူ အရေအတွက် ၃၀၆ ဦးထိ အတည်ပြုထားနိုင်ပြီလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ ထူထပ်ရာ ပြည်နယ်တစ်ခုမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေတွေကြီး၊ မြေတွေပြိုရာက နေအိမ် အဆောက်အအုံတွေ၊ လမ်းတွေပါ ထိခိုက် ပျက်စီးခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေဟာ တောင်အာဖရိက နိုင်ငံသမိုင်းမှာ အမှောင်မိုက်ဆုံး နေ့ရက်တစ်ခုကို ကြုံတွေ့စေခဲ့ကြောင်း ကွာဇူလူနက်တဲလ် ပြည်နယ် အစိုးရအဖွဲ့က Twitterမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြည်နယ်ဟာ သဘာဝ ဘေးအန္တရာယ်ကို အဆိုးဆုံး ကြုံတွေ့နေတဲ့ နေရာတစ်ခုပါ။ ပြည်နယ်ထဲမှာ ဆိပ်ကမ်းမြို့ကြီး တစ်ခုဖြစ်တဲ့ ဒါဘန်လည်း ဖွဲ့စည်း ပါဝင်နေပါတယ်။

ဒါဘန်မြို့နားက တံတားတစ်စင်းလည်း ရေစီးနဲ့အတူ မျောပါသွားတာကြောင့် ကမ်းနှစ်ဖက်မှာ လူတွေ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ အခုသီတင်းပတ် အစောပိုင်းကစလို့ ကွာဇူလူနက်တဲလ် ပြည်နယ်မှာ ပုံမှန်မဟုတ်တဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံတွေ့လာခဲ့ရပါတယ်။ မိုးတွေသည်းပြီး မြေတွေပြိုရာက အခြေခံ အဆောက်အအုံ ပျက်စီးမှုတွေလည်း အကြီးအကျယ် ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်နယ် အစိုးရက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ပုံမှန်အခြေအနေ မဟုတ်တဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့လည်း တိုက်ရိုက် ဆက်စပ်နေတယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတု အပူချိန်ဟာ စစ်မှုတော်လှန်ရေး ကာလမတိုင်ခင် လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်နဲ့ယှဉ်ရင် ၁.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက် မြင့်တက်လာခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။