Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင် ကင်ဆာရောဂါ ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာ

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာတယ်လို့ ယုံကြည်ရကြောင်းလည်း မဂ္ဂဇင်းက ဆိုပါတယ်။ ပူတင်ဟာ ဘယ်လို သွေးကင်ဆာ အမျိုးအစားကို ခံစားနေရသလဲ ဆိုတာကိုတော့ မဂ္ဂဇင်းက ဖော်ပြမထားပါဘူး။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ကင်ဆာရောဂါ ခံစားနေရပြီး အပြင်းအထန် နာမကျန်း ဖြစ်နေကြောင်း ကောလာဟလတွေ ပျံ့နှံ့လာပါတယ်။

လူမှု ကွန်ရက် မီဒီယာတွေပေါ်မှာ အရင်ကတည်းက ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သို့လောသို့လော ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ အင်တာနက်ပေါ် ပေါက်ကြား ရောက်ရှိလာတဲ့ အသံဖိုင် တစ်ခုနဲ့ ပတ်သက်ပြီး ဒီသတင်းတွေ ပိုမို အားကောင်းလာပါတယ်။

အဲဒီ အသံဖိုင်ကို New Lines မဂ္ဂဇင်းက စတင် ဖော်ပြခဲ့တာ ဖြစ်ပြီး ရုရှား အစိုးရနဲ့ အထူးနီးစပ်တဲ့ သူဌေးကြီး တစ်ဦးရဲ့ အသံပါ။ ပူတင်နဲ့ ရင်းနှီးသူ တစ်ဦးဖြစ်တဲ့ သူဌေးကြီး ဘောရစ္စ ကာပစ်ချော့ဗ်က ပူတင်ဟာ သွေးကင်းဆာ ရောဂါ ခံစားနေရပြီး အရမ်း နေမကောင်း ဖြစ်နေတယ်လို့ အဲဒီ အသံဖိုင်ထဲမှာ ပြောဆိုထားပါတယ်။ ကာပစ်ချော့ဗ်ဟာလည်း ပူတင်လိုပဲ ဆိုဗီယက် KGB ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပူတင်ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ် ခံထားရပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာတယ်လို့ ယုံကြည်ရကြောင်းလည်း မဂ္ဂဇင်းက ဆိုပါတယ်။ ပူတင်ဟာ ဘယ်လို သွေးကင်ဆာ အမျိုးအစားကို ခံစားနေရသလဲ ဆိုတာကိုတော့ မဂ္ဂဇင်းက ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ သူ့ရဲ့ နိုင်ငံရေးသမားဘဝ သက်တမ်းတလျှောက် ဒဏ်ရာဒဏ်ချက်တွေလည်း ရခဲ့ဖူးပါတယ်။ တစ်ခါတုန်းကဆိုရင် ဟော်ကီပွဲ တစ်ခုမှာ ယှဉ်ပြိုင်ရင်း မြင်းပေါ်က ပြုတ်ကျခဲ့ဖူးပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့ အစည်းအဝေး ပြုလုပ်နေရာမှာ စားပွဲကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသလို ဂဏှာမငြိမ်သလို ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဟာ ပါကင်ဆန် ရောဂါ အစပြုတဲ့ လက္ခဏာတွေ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ရုရှား အစိုးရရဲ့ ကရင်မလင် နန်းတော်ကတော့ ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အရင်တုန်းက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ဖူးပါတယ်။ ဒီအတောအတွင်း ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်အုပ်စု နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်လာရတာကြောင့် ပူတင်အပေါ် ရုရှား သူဌေးကြီးတွေရဲ့ အမြင်မကြည်မှုက ပိုမို ဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့...

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ကင်ဆာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆီ ရောက်လာတတ်တာက သတင်းဆိုးချည်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်ကင်ဆာအမျိုးအစားနဲ့ ဘာဖြစ်နေပြီဆိုတာမျိုးပေါ့။ အဲဒီထက်ဆိုးတဲ့သတင်းဆိုရင်တော့ လပိုင်းပဲခံတော့မယ်၊ ရက်ပိုင်းပဲခံတော့မယ်၊ သေသွားပြီဆိုတဲ့သတင်းမျိုးကြားကြရပါမယ်။