Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ
ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

ကိုလံဘီယာ နိုင်ငံမှာ ထောင်ဆူရာက အကျဉ်းထောင် တစ်ခုလုံးကို မီးကူးစက် လောင်ကျွမ်းပြီး ၅၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး တီတို ကက်စတယ်လာနို့စ်က တူလူအာမြို့မှာ ဖြစ်ခဲ့တဲ့ ဇွန်လ ၂၈ ရက် မီးလောင်မှုမှာ သေဆုံးသူ အားလုံးဟာ အကျဉ်းသားတွေ ဟုတ်မဟုတ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ အစောပိုင်းမှာ သူက အလောင်း ၄၉ ခု ရှာတွေ့ခဲ့တယ်လို့ ပြောပေမယ့် နောက်ပိုင်းကျတော့ အကျဉ်းဦးစီး ဌာနက အသေအပျောက် ၅၁ ဦးလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ လူပေါင်း ၂ ဒါဇင်နီးပါးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ အကျဉ်းထောင်ဟာ လုံခြုံရေး အလယ်အလတ် အဆင့်လောက် ထားရှိ သတ်မှတ်ထားတဲ့ နေရာပါ။ မနက်အစောပိုင်းက ထောင်ထဲမှာ အကျဉ်းသားတွေ ဆူပူ ပုန်ကန်ကြရာက မီးစတင် ကူးစက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကက်စတယ်လာနို့စ်က ဆိုပါတယ်။ အကျဉ်းသားတွေဟာ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားဘဲ အိပ်ရာတွေကို မီးတင်ရှို့ခဲ့ကြတာလို့ သူက စွပ်စွဲပါတယ်။

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုလံဘီယာ သမ္မတ အိုင်ဗန်ဒူကေးက မီးလောင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ နာကျင် ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှု အရှိဆုံး ဖော်ထုတ် စုံစမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး အကျဉ်းထောင် အသေအပျောက် ကိစ္စတစ်ခု အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ အကျဉ်းထောင်မှာ ထောင်ဝင်ဆံ့တဲ့ ဦးရေထက် အကျဉ်းသားတွေ အများအပြား ပိုမို ထားရှိ ထိန်းသိမ်းထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

နိုင်ငံတကာ

ဗြိတိန် ကမ်းလွန်မှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘော တိုက်မိပြီးတဲ့နောက် နာရီပေါင်း တော်တော်များများ ကြာတဲ့ထိ မီးတွေ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။

သတင်း

ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဆောက်လုပ်ရေးအိမ်ရာဝင်း ထဲမှာ ဒီနေ့ မတ်လ ၁၀ ရက်ညပိုင်း ၈ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားတယ်လို့သိရတယ် ။ လေယာဥ်ကွင်းဟောင်းအနီး ၇၈ လမ်းပေါ်ရှိ ဆောက်လုပ်ရေး၊ တံတားအထူး (၁၄) ဝင်း ထဲက အိမ်တွေ မီးလောင်ခဲ့တာလို့...

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

Facebook