Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ
ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

ကိုလံဘီယာ နိုင်ငံမှာ ထောင်ဆူရာက အကျဉ်းထောင် တစ်ခုလုံးကို မီးကူးစက် လောင်ကျွမ်းပြီး ၅၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး တီတို ကက်စတယ်လာနို့စ်က တူလူအာမြို့မှာ ဖြစ်ခဲ့တဲ့ ဇွန်လ ၂၈ ရက် မီးလောင်မှုမှာ သေဆုံးသူ အားလုံးဟာ အကျဉ်းသားတွေ ဟုတ်မဟုတ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ အစောပိုင်းမှာ သူက အလောင်း ၄၉ ခု ရှာတွေ့ခဲ့တယ်လို့ ပြောပေမယ့် နောက်ပိုင်းကျတော့ အကျဉ်းဦးစီး ဌာနက အသေအပျောက် ၅၁ ဦးလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ လူပေါင်း ၂ ဒါဇင်နီးပါးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ အကျဉ်းထောင်ဟာ လုံခြုံရေး အလယ်အလတ် အဆင့်လောက် ထားရှိ သတ်မှတ်ထားတဲ့ နေရာပါ။ မနက်အစောပိုင်းက ထောင်ထဲမှာ အကျဉ်းသားတွေ ဆူပူ ပုန်ကန်ကြရာက မီးစတင် ကူးစက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကက်စတယ်လာနို့စ်က ဆိုပါတယ်။ အကျဉ်းသားတွေဟာ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားဘဲ အိပ်ရာတွေကို မီးတင်ရှို့ခဲ့ကြတာလို့ သူက စွပ်စွဲပါတယ်။

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုလံဘီယာ သမ္မတ အိုင်ဗန်ဒူကေးက မီးလောင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ နာကျင် ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှု အရှိဆုံး ဖော်ထုတ် စုံစမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး အကျဉ်းထောင် အသေအပျောက် ကိစ္စတစ်ခု အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ အကျဉ်းထောင်မှာ ထောင်ဝင်ဆံ့တဲ့ ဦးရေထက် အကျဉ်းသားတွေ အများအပြား ပိုမို ထားရှိ ထိန်းသိမ်းထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။