Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါတီခေါင်းဆောင် အဖြစ်က နုတ်ထွက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ရာထူးပါ စွန့်လွှတ်ရတော့မယ့် ဘောရစ်ဂျွန်ဆန်

ဂျွန်ဆန်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆို တင်သွင်း ခံရတုန်းက ဝန်ကြီးချုပ်အဖြစ် အသက်ဆက်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်အမတ် ၄၁ ရာခိုင်နှုန်းထိ သူ့ကို နုတ်ထွက်စေချင်ကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။

ဘောရစ်ဂျွန်ဆန်
ဘောရစ်ဂျွန်ဆန်

ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်သွားပြီး ဝန်ကြီးချုပ် ရာထူးကိုလည်း စွန့်လွှတ်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါ ကာလမှာ ဗြိတိန် အစိုးရက အသွားအလာ ကန့်သတ်မှုတွေ ကြေညာထားပေမယ့် ဝန်ကြီးချုပ် အိမ်တော်နဲ့ အစိုးရရုံး တချို့မှာ လူစုလူဝေးနဲ့ ပါတီပွဲတွေ ကျင်းပခဲ့တာ အပါအဝင် တခြား အရှက်ရစရာ အခြေအနေတွေက ဂျွန်ဆန်ကို ပါတီထဲမှာ ထောက်ခံမှု ကျဆင်းလာစေခဲ့ပါတယ်။ ဂျွန်ဆန်ဟာ လွှတ်တော်မှာ အယုံအကြည်မရှိ အဆို တင်သွင်း မဲခွဲတဲ့ အခြေအနေကို ကျော်လွှားနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်တွေက ကျောခိုင်းလာတဲ့ ဖိအားကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကွန်ဆာဗေးတစ် ပါတီဝင်တွေ အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်း အရာရှိတွေ ဆက်တိုက် နုတ်ထွက်ကုန်တာက ဂျွန်ဆန်အတွက် ယုံကြည်စရာ မဟာမိတ် အနည်းအကျဉ်းလောက်ပဲ ကျန်တဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားခဲ့ပါတယ်။ လွှတ်တော်ထဲမှာရော၊ ပါတီထဲမှာပါ သူ့ကို ထောက်ခံမှုတွေ အရမ်းနည်းသွားတဲ့နောက် ဇူလိုင် ၇ ရက်မှာ ဂျွန်ဆန်က ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲ အဖြစ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

သူဟာ ဝန်ကြီးချုပ် ရာထူးကနေလည်း စွန့်ခွာမှာ ဖြစ်ပေမယ့် နောက်ထပ် ဝန်ကြီးချုပ်သစ် တာဝန်မယူသေးခင် အတောအတွင်း ယာယီ ဝန်ကြီးချုပ် အနေနဲ့ ဆက်ရှိမယ်လို့ ပြောသွားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဆန့်ကျင် တုံ့ပြန်မှုတွေ ကြုံလာနိုင်တယ်လို့လည်း ဗြိတိန် နိုင်ငံရေး လေ့လာသူတွေက ယူဆနေပါတယ်။

Public Service Announcement

Public Service Announcement

ဂျွန်ဆန် အပါအဝင် ရာထူးသက်တမ်း မစေ့ဘဲ နုတ်ထွက်လိုက်ရတာ အခုဆိုရင် ဗြိတိန် ဝန်ကြီးချုပ် ၃ ယောက်ဆက်တိုက် ရှိလာပါပြီ။ အခု သီတင်းပတ်ထဲမှာ ဂျွန်ဆန် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုပြင်းထန်လာသလို အစိုးရ အဖွဲ့ဝင် အရာရှိ ၅၀ လောက် တပြိုင်တည်း နုတ်ထွက်ကုန်ကြပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ်ကို ပြည်သူလူထုက မဲပေး ရွေးချယ်တာ မဟုတ်ဘဲ ရွေးကောက်ပွဲ အနိုင်ရပါတီက သူတို့ရဲ့ ခေါင်းဆောင်ကို မဲပေးဆုံးဖြတ်ပြီး ဝန်ကြီးချုပ်တာဝန် အပ်နှင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟာ အာဏာလက်ရှိ ကာလမှာတောင် ပါတီဝင်တွေရဲ့ ထောက်ခံမှုကို ဆက်လက် လိုအပ်နေပါတယ်။

ဂျွန်ဆန်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆို တင်သွင်း ခံရတုန်းက ဝန်ကြီးချုပ်အဖြစ် အသက်ဆက်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်အမတ် ၄၁ ရာခိုင်နှုန်းထိ သူ့ကို နုတ်ထွက်စေချင်ကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။ ဂျွန်ဆန်ဟာ ပါတီဂိတ်လို့ လူသိများတဲ့ ကိုဗစ်ကာလ ပါတီပွဲတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် နာမည်ပျက်ခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ဒဏ်ရိုက် အရေးယူတာကိုလည်း ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။