Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး ပစ်ခတ်လုပ်ကြံ ခံရပြီး အခြေအနေ စိုးရိမ်ရ

မျက်မြင် တစ်ယောက်ကတော့ သူ့နောက်ကနေ လူတစ်ယောက်ဟာ အရွယ်အစား ကြီးမားတဲ့ သေနတ်နဲ့ လှမ်းပစ်ခဲ့တာလို့ ပြောပါတယ်။ ပထမ တစ်ချက်က လွဲသွားပေမယ့် ဒုတိယ တစ်ချက်မှာတော့ အာဘေးကို တည့်တည့် ထိမှန်ပြီး သွေးအိုင်ထဲ လဲကျသွားခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး ပစ်ခတ်လုပ်ကြံ ခံရပြီး အခြေအနေ စိုးရိမ်ရ
ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး ပစ်ခတ်လုပ်ကြံ ခံရပြီး အခြေအနေ စိုးရိမ်ရ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဇူလိုင် ၈ ရက်က နာရာမြို့က အခမ်းအနား တစ်ခုမှာ မိန့်ခွန်းပြောနေတုန်း လူတစ်ယောက်က အာဘေးကို သေနတ်နဲ့ နှစ်ချက် ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ကျည်ဆန်ဟာ အာဘေးရဲ့ ကျောကို ထိမှန်ပြီး ဝန်ကြီးချုပ်ဟောင်းက မြေပေါ် လဲကျသွားခဲ့ပါတယ်။

ဂျပန် အစိုးရက ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှု သတင်းကို အတည်ပြုပေမယ့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကို မထုတ်ပြန်ပါဘူး။ တိုကျို အုပ်ချုပ်ရေးမှူးဟောင်း ယိုအိချီ မာဆူဇိုက အာဘေးဟာ နှလုံး ရပ်တန့်သွားတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါဟာ ဂျပန်မှာတော့ သေဆုံးကြောင်း တရားဝင် မထုတ်ပြန်ခင် ပြောဆိုတတ်တဲ့ အသုံးအနှုန်းမျိုးပါ။

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ လဲကျနေတဲ့ အာဘေးနားမှာ ကယ်ဆယ်ရေး အဖွဲ့တွေ ဝိုင်းအုံနေပြီး ဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ အာဘေးဟာ နာရာမြို့က ရွေးကောက်ခံ ကိုယ်စားလှယ်ဟောင်း တစ်ယောက်အတွက် ထောက်ခံမိန့်ခွန်း ပြောနေချိန်မှာ အခုလို တိုက်ခိုက် ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

မျက်မြင် တစ်ယောက်ကတော့ သူ့နောက်ကနေ လူတစ်ယောက်ဟာ အရွယ်အစား ကြီးမားတဲ့ သေနတ်နဲ့ လှမ်းပစ်ခဲ့တာလို့ ပြောပါတယ်။ ပထမ တစ်ချက်က လွဲသွားပေမယ့် ဒုတိယ တစ်ချက်မှာတော့ အာဘေးကို တည့်တည့် ထိမှန်ပြီး သွေးအိုင်ထဲ လဲကျသွားခဲ့ပါတယ်။

လုပ်ကြံသူဟာ ထွက်ပြေးဖို့ မကြိုးစားခဲ့ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အာဘေးကို လုပ်ကြံခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အာဘေးဟာ ဂျပန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ကျန်းမာရေး အခြေအနေတွေအရ အနားယူခဲ့ပါတယ်။ သူ့ရဲ့ အရိုက်အရာကို ယိုရှီဟီဒီ ဆူဂါက ဆက်ခံပြီး အဲဒီကနေတဆင့် လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရာထူး ရယူခဲ့ပါတယ်။

ဂျပန်မှာ သေနတ်ကိုင် မှုခင်းတွေ ဖြစ်ပွားတာမျိုး အရမ်းရှားပါးတာကြောင့် ဒီဖြစ်စဉ်က တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ကိန်းဂဏန်းတွေအရ ၂၀၁၄ ခုနှစ်က ဂျပန်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသူ ၆ ဦးသာ ရှိခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုမှာတော့ ၃၃၅၉၉ ဦးထိ များပြားခဲ့ပါတယ်။ ဂျပန်မှာ သေနတ် ကိုင်ဆောင်ခွင့် လျှောက်ထားသူတွေကို တင်းကျပ်တဲ့ စိတ်ပညာဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်လေ့ ရှိသလို ပြောင်းတို သေနတ်တွေနဲ့ ပစ္စတို သေနတ်တွေပဲ ကိုင်ဆောင်ခွင့် ပြုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...