Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ

ရုရှား စုံထောက်တွေကတော့ မာဂါနော့ဗ် သေဆုံးမှု အကြောင်းရင်းမှန်ကို သိရှိဖို့ အခင်းဖြစ်ရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့သာ မတင်မကျ ပြောဆိုထားပါတယ်။

ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ
ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ

ရုရှားရဲ့ ထိပ်တန်း ရေနံ လုပ်ငန်းစုကြီး တစ်ခုရဲ့ အကြီးအကဲဟာ ဆေးရုံတစ်ခုရဲ့ အထပ်မြင့် ပြတင်းပေါက်က ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရပါတယ်။

Lukoil ကုမ္ပဏီက သူတို့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရာဗေးလ် မာဂါနော့ဗ် သေဆုံးသွားတဲ့ သတင်းကို အတည်ပြုခဲ့ပေမယ့် ထူးခြားချက် တစ်ခုက အသက် ၆၇ နှစ်အရွယ် မာဂါနော့ဗ်ဟာ အပြင်းအထန် နာမကျန်းလို့ ကွယ်လွန်သွားတာလို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ရုရှား မီဒီယာတွေက မာဂါနော့ဗ်ဟာ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် မော်စကို ဗဟိုဆေးရုံကြီးမှာ တက်ရောက် ကုသပေမယ့် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။

ရုရှား စုံထောက်တွေကတော့ မာဂါနော့ဗ် သေဆုံးမှု အကြောင်းရင်းမှန်ကို သိရှိဖို့ အခင်းဖြစ်ရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့သာ မတင်မကျ ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

Lukoil ကုမ္ပဏီ ဘုတ်အဖွဲ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ စတင်ပြီး မကြာခင်မှာပဲ အဲဒီ ပဋိပက္ခတွေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ သဘောထားထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလို ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးကြောင့် ထိခိုက် နစ်နာရသူတွေအတွက် ကုမ္ပဏီ အနေနဲ့ စာနာ ဝမ်းနည်းကြောင်းလည်း သဘောထား ထုတ်ပြန်ခဲ့ဖူးပါတယ်။

ရုရှားမှာ ဧပြီလတုန်းက စွမ်းအင် ကုမ္ပဏီ Novatekရဲ့ မန်နေဂျာဟောင်း ဆာဂျီ ပရိုတိုဆန်ညာဟာ စပိန်က စံအိမ်တစ်ခုမှာ ဇနီး၊ သမီးတို့နဲ့အတူ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့ Gazprombankရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဗလာဒီဆလက်ဗ် အေဗာယက်ဗ်ကလည်း အဲဒီလမှာပဲ မော်စကို တိုက်ခန်းတစ်ခုမှာ ဇနီး၊ သမီးတို့နဲ့အတူ သေဆုံးနေတာ ရှာတွေ့ခဲ့ပြန်ပါတယ်။ မေလမှာတော့ Lukoilရဲ့ အကြီးအကဲဟောင်း တစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား ဆူဘော့တင်ဟာ ရုတ်တရက် နှလုံးရပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Lukoilဟာ ရုရှားရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း အကြီးမားဆုံး စွမ်းအင် လုပ်ငန်းစုတွေထဲမှာ ပါဝင်နေပါတယ်။ မာဂါနော့ဗ်ကတော့ ပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ တစ်ခုကို ဦးစီးနေရာကနေ လွန်ခဲ့တဲ့ ၂ နှစ်မှာ Lukoilရဲ့ အကြီးအကဲအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။