Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ၁၀၀ ကျော်ရှိလာ

ရုရှားတပ်တွေက လပေါင်း အတော်ကြာ ကြိုးကြိုးစားစား တိုက်ခိုက် သိမ်းယူထားရတဲ့ နယ်မြေတွေကို ယူကရိန်းက တစ်ပတ်လောက် အတွင်းမှာတင် ပြန်လည် ရယူသွားတဲ့ အခြေအနေတွေကြောင့် ပူတင် ထောက်ခံသူတွေ ကိုယ်တိုင်ပါ ရုရှားစစ်တပ်ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်လာကြပါတယ်။

ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ၁၀၀ ကျော်ရှိလာ
ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ၁၀၀ ကျော်ရှိလာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရာထူးက နုတ်ထွက်ပေးဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ၁၀၀ ကျော်လောက်က လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း သိရပါတယ်။

မော်စကိုနဲ့ စိန့်ပီတာစဘက်ဂ်တို့လို မြို့ကြီးတွေ အပါအဝင် ရုရှားနိုင်ငံ အနှံ့က မြူနီစီပယ် အုပ်ချုပ်ရေး အရာရှိတွေက ပူတင်ကို သမ္မတ ရာထူးက ဖယ်ရှားစေဖို့ တူတူညီညီ ဆန္ဒရှိကြောင်း ပါဝင် လက်မှတ် ရေးထိုးထားတယ်လို့ စိန့်ပီတာစဘက်ဂ်ရဲ့ ဆမ်ယိုနော့ဗ်စကီး မြို့နယ် မြူနီစီပယ် အုပ်ချုပ်ရေးမှူး ကာဆီနီယာ တော်စတမ်းက Twitterမှာ ရေးသားခဲ့ပါတယ်။

သမ္မတ ပူတင်ရဲ့ လုပ်ဆောင်မှုတွေဟာ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေကို အကျိုးယုတ်စေမယ်လို့ ယုံကြည် ယူဆတာကြောင့် အခုလို လက်မှတ်ရေးထိုး တောင်းဆိုကြတာ ဖြစ်ကြောင်း တော်စတမ်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြူနီစီပယ် အုပ်ချုပ်ရေးမှူး ၁၉ ဦးက ဒီအဆိုပြုချက်ကို စတင် လက်မှတ်ရေးထိုးခဲ့ပြီး အခုသီတင်းပတ်မှာတော့ နောက်ထပ် ၈၄ ဦး တိုးလာတယ်လို့ သူက ပြောပါတယ်။

သတင်းတချို့ရဲ့ ဖော်ပြမှုအရ အစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အုပ်ချုပ်ရေး အရာရှိတွေကို ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီး မကြာခင်မှာပဲ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ သမ္မတအပေါ် အခုလို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်လာတာမျိုးဟာ သစ္စာဖောက်မှု အနေနဲ့ စွပ်စွဲခံရပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှု အဖွဲ့အစည်း တစ်ခုကလည်း ရုရှားက ဒေသအလိုက် ရွေးကောက်ပွဲတွေမှာ ပူတင်လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေက မဲလိမ် မဲခိုးတာ၊ မဲတွေ ဝယ်ယူတာ အပါအဝင် မသမာတဲ့ နည်းလမ်းတွေနဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ် ဒါဇင်နဲ့ချီ ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား အစိုးရ အနေနဲ့ လတ်တလောမှာ ကြီးကြီးမားမား ယိမ်းယိုင်သွားမယ့် အလားအလာ မရှိသေးပေမယ့် ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေ ဆက်တိုက် အရေးနိမ့်လာခြင်းက ပူတင်ရဲ့ နိုင်ငံရေး အနာဂတ်ကို ရိုက်ခတ်မှုတွေ ရှိလာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အစပြုလာချိန်မှာ ရုရှားတပ်တွေ ဖရိုဖရဲ အရေးနိမ့်ပြီး တပ်ပြန်ဆုတ်နေရပါတယ်။

ရုရှားတပ်တွေက လပေါင်း အတော်ကြာ ကြိုးကြိုးစားစား တိုက်ခိုက် သိမ်းယူထားရတဲ့ နယ်မြေတွေကို ယူကရိန်းက တစ်ပတ်လောက် အတွင်းမှာတင် ပြန်လည် ရယူသွားတဲ့ အခြေအနေတွေကြောင့် ပူတင် ထောက်ခံသူတွေ ကိုယ်တိုင်ပါ ရုရှားစစ်တပ်ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်လာကြပါတယ်။

ဒါ့အပြင် ပူတင်ကလည်း ရုရှားစစ်ဦးစီးတွေနဲ့ တွေ့ဆုံမယ့် အစည်းအဝေး တစ်ခုကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ပြန်ပါတယ်။ ဒါဟာ စစ်ပွဲမှာ ရလဒ် ဆိုးရွားနေမှုတွေက သူ့ရဲ့ တိုက်ရိုက် ညွှန်ကြားမှုနဲ့ မသက်ဆိုင်တဲ့ သဘောမျိုး ပူတင်က ရှောင်ထွက်ချင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

ပူတင်ကို ရာထူးက ဖယ်ရှားပေးဖို့ ပထမဆုံး အဆိုပြုခဲ့တာကတော့ စိန့်ပီတာစဘက်ဂ်က မြို့နယ် အုပ်ချုပ်ရေးမှူး ဒီမစ်ထရီ ပါလျူဂါ ဆိုသူဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပူတင်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲပေးပါဆိုပြီး ဒူးမားလွှတ်တော်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပါလျူဂါကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ပေမယ့် သိပ်မကြာခင်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။