Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံ အရှေ့ပိုင်းမှာရော၊ တောင်ပိုင်းမှာပါ စစ်မျက်နှာဖွင့်လာတဲ့ ယူကရိန်း

အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပေမယ့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံတောင်ပိုင်း နယ်မြေတချို့ လွတ်လပ်ရေး ပြန်ရလာပြီ ဖြစ်သလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံ အရှေ့ပိုင်းမှာရော၊ တောင်ပိုင်းမှာပါ စစ်မျက်နှာဖွင့်လာတဲ့ ယူကရိန်း
နိုင်ငံ အရှေ့ပိုင်းမှာရော၊ တောင်ပိုင်းမှာပါ စစ်မျက်နှာဖွင့်လာတဲ့ ယူကရိန်း

နိုင်ငံ အရှေ့ဖျား ဒေသတွေမှာ စစ်ရေးအရ အသာစီး ရလာချိန်မှာ ယူကရိန်း စစ်တပ်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေကို စစ်မျက်နှာ အသစ်တစ်ခု ပီပီပြင်ပြင် ဖွင့်လှစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း အရှေ့ပိုင်းမှာ ဆင်နွှဲနေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခဲ့ပြီး ရုရှားတပ်တွေဟာ ခါကစ်ဗ်ဒေသကနေ အပြီးတိုင် ဆုတ်ခွာခဲ့ရသလို ဒွန်းဘက်စ်မှာလည်း အရေးပါတဲ့ မဟာဗျူဟာ မြို့တစ်မြို့ကို ယူကရိန်းက ပြန်သိမ်းယူသွားပါပြီ။

အရှေ့ဖျား ဒေသမှာ တန်ပြန်ထိုးစစ် ပြန်လည် စတင်ပြီး တစ်လအတွင်းမှာတင် ယူကရိန်းဟာ စတုရန်းကီလိုမီတာ ထောင်နဲ့ချီတဲ့ နယ်မြေတွေ အများအပြားကို ပြန်လည် စုစည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ရုရှား အစိုးရဟာ အရန်တပ်ဖွဲ့ဝင်တွေကို ရုတ်တရက် ဆင့်ခေါ်ပြီး ရှေ့တန်းစေလွှတ်ဖို့အထိ စီစဉ်လာရပါတယ်။

အရှေ့ပိုင်းမှာ ရုရှားတွေကို ထိုးစစ်ဆင်နေရင်း အခုသီတင်းပတ် အစောပိုင်းမှာ တောင်ပိုင်းက ခါဆွန် ဒေသထဲကိုလည်း ယူကရိန်း စစ်ကြောင်းတွေ စတင် ထိုးဖောက် ဝင်ရောက်လာကြောင်း သိရပါတယ်။ ခါဆွန်က ရုရှား ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေက ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဒီနီပရို မြစ်ကမ်းတလျှောက်က ရုရှား စစ်စခန်းငယ်တွေ ကျဆုံးသွားပြီး ယူကရိန်း တင့်ကားတပ်တွေ ဆက်လက် ထိုးဖောက်လာနေကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပေမယ့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံတောင်ပိုင်း နယ်မြေတချို့ လွတ်လပ်ရေး ပြန်ရလာပြီ ဖြစ်သလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံတောင်ပိုင်းမှာ ဒီနီပရို မြစ်နားက ဒွတ်ချာနီ မြို့ငယ်ကို ယူကရိန်းတပ်တွေ စတင်ဖြတ်ကျော်လာပြီလို့ ရုရှား ခန့်အပ်ထားတဲ့ ခါဆွန် အုပ်ချုပ်ရေးမှူး ဗလာဒီမာ ဆယ်လ်ဒိုက ဝန်ခံပါတယ်။ အဲဒီမြို့ဟာ အရင်က ရုရှားတပ်တွေ ဖြန့်ကျက်ထားတဲ့ ရှေ့တန်း စစ်မျက်နှာပြင်နဲ့ မိုင် ၂၀ လောက် ကွာဝေးပါတယ်။ တစ်နည်းအားဖြင့် ရုရှားတပ်တွေဟာ ယူကရိန်း တောင်ပိုင်းက ထိန်းချုပ် နယ်မြေတွေမှာ မိုင် ၂၀ လောက် လက်လွှတ် ဆုတ်ခွာနေရပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ခါဆွန်နဲ့ ဒွန်းဘက်စ်တို့ အပါအဝင် ယူကရိန်း နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာပြီး ယူကရိန်းတပ်တွေ ရှေ့ဆက်တိုးမလာဖို့ သတိပေးထားပေမယ့် ယူကရိန်း စစ်တပ်ကတော့ တန်ပြန်ထိုးစစ်ကို နိုင်ငံတောင်ပိုင်းမှာရော၊ အရှေ့ပိုင်းမှာပါ ပီပီပြင်ပြင် အရှိန်မြှင့်တင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။