Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး
ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

ဆိုမာလီယာ နိုင်ငံက လူအသွားအလာ စည်ကားရာ လမ်းဆုံလမ်းခွ တစ်ခုမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုဂါဒစ်ရှူး မြို့တော်က လူအသွားအလာ အရမ်းထူထပ်တဲ့ ဇိုဘီ လမ်းဆုံမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ် တင်ထားပုံရတဲ့ ကားနှစ်စီး အချိန်ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့နောက် မိုဂါဒစ်ရှူးမှာ ရှိတဲ့ ဆိုမာလီယာ ပညာရေး ဝန်ကြီးဌာနကို သေနတ်သမား တချို့က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၉ ရက်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်းတွေအရ သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ သေကြေဒဏ်ရာရမှု စာရင်းတွေက ဆက်လက် မြင့်တက်လာနေဆဲဖြစ်ကြောင်း သမ္မတ ဟာဆန် ရှိတ်ခ် မိုဟာမွတ်က ပြောပါတယ်။ သမ္မတဟာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ လမ်းဆုံနေရာကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

Public Service Announcement

Public Service Announcement

ဇိုဘီလမ်းဆုံမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တုန်းကလည်း ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီးတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၅၁၂ ဦး သေဆုံးပြီး ၂၉၀ ကျော် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုတော့ တူညီတဲ့ နေရာမှာ တူညီတဲ့ ဖြစ်စဉ်ကြောင့် နောက်ထပ် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရကြောင်း သမ္မတက ဆိုပါတယ်။

ဆိုမာလီယာမှာ ဂျီဟတ် အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ အယ်လ်ရှာဘက်ဘ်ဟာ ကုလသမဂ္ဂ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ အစိုးရကို နှစ်ရှည်လများ တိုက်ခိုက်နေခဲ့ပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ အရင်ကလည်း မိုဂါဒစ်ရှူးမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတင် မိုဂါဒစ်ရှူးက ဟေးယက် ဟိုတယ်ကို အယ်လ်ရှာဘက် အကြမ်းဖက်သမားတွေက နာရီပေါင်း ၃၀ လောက် စီးနင်းထားခဲ့ရာက ၂၁ ဦးသေပြီး ၁၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

သတင်း

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။