Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး
ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

ဆိုမာလီယာ နိုင်ငံက လူအသွားအလာ စည်ကားရာ လမ်းဆုံလမ်းခွ တစ်ခုမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုဂါဒစ်ရှူး မြို့တော်က လူအသွားအလာ အရမ်းထူထပ်တဲ့ ဇိုဘီ လမ်းဆုံမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ် တင်ထားပုံရတဲ့ ကားနှစ်စီး အချိန်ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့နောက် မိုဂါဒစ်ရှူးမှာ ရှိတဲ့ ဆိုမာလီယာ ပညာရေး ဝန်ကြီးဌာနကို သေနတ်သမား တချို့က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၉ ရက်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်းတွေအရ သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ သေကြေဒဏ်ရာရမှု စာရင်းတွေက ဆက်လက် မြင့်တက်လာနေဆဲဖြစ်ကြောင်း သမ္မတ ဟာဆန် ရှိတ်ခ် မိုဟာမွတ်က ပြောပါတယ်။ သမ္မတဟာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ လမ်းဆုံနေရာကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

Public Service Announcement

Public Service Announcement

ဇိုဘီလမ်းဆုံမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တုန်းကလည်း ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီးတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၅၁၂ ဦး သေဆုံးပြီး ၂၉၀ ကျော် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုတော့ တူညီတဲ့ နေရာမှာ တူညီတဲ့ ဖြစ်စဉ်ကြောင့် နောက်ထပ် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရကြောင်း သမ္မတက ဆိုပါတယ်။

ဆိုမာလီယာမှာ ဂျီဟတ် အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ အယ်လ်ရှာဘက်ဘ်ဟာ ကုလသမဂ္ဂ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ အစိုးရကို နှစ်ရှည်လများ တိုက်ခိုက်နေခဲ့ပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ အရင်ကလည်း မိုဂါဒစ်ရှူးမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတင် မိုဂါဒစ်ရှူးက ဟေးယက် ဟိုတယ်ကို အယ်လ်ရှာဘက် အကြမ်းဖက်သမားတွေက နာရီပေါင်း ၃၀ လောက် စီးနင်းထားခဲ့ရာက ၂၁ ဦးသေပြီး ၁၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook