Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ

ဘက်ဂျ်ရက်ကီတီယာဘား အမေရိကန် တက္ကသိုလ် နှစ်ခုက ဥပဒေဘွဲ့တွေ ရရှိထားတဲ့ ခေတ်ပညာတတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် ဗဂျီရာလောင်ကွန်းဟာ သူ့ရဲ့ ထီးမွေးနန်းလျာ ဆက်ခံသူကို မကြေညာသေးပေမယ့် ဘက်ဂျ်ရက်ကီတီယာဘားဟာ အဖြစ်သင့်ဆုံး ရွေးချယ်မှုလို့ ထိုင်းပြည်သူ အများစုက ယူဆနေပါတယ်။

ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ
ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ရုတ်တရက် နှလုံးဖောက် လဲကျလို့ ဆေးရုံတင်ထားရ

ထိုင်းဘုရင်ရဲ့ သမီးတော် မင်းသမီးဟာ ရုတ်တရက် နှလုံးဖောက်လို့ ဆေးရုံတင်ထားရကြောင်း ထိုင်းတော်ဝင် မိသားစုက အတည်ပြုခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် မင်းသမီး ဘက်ဂျ်ရက်ကီတီယာဘားဟာ ဘန်ကောက်မြို့ရဲ့ အရှေ့မြောက်ဖက် တစ်နေရာမှာ သူ့ခွေးတွေကို လေ့ကျင့် သင်ကြားပေးနေရင်း ဒီဇင်ဘာ ၁၄ ရက်က ရုတ်တရက် လဲကျသွားခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးကို အနီးဆုံးမှာရှိတဲ့ ဆေးရုံတစ်ခုဆီ ပို့ဆောင်ပေးပြီး အဲဒီကနေတဆင့် ဘန်ကောက်ဆေးရုံကို ရဟတ်ယာဉ်နဲ့ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဘက်ဂျ်ရက်ကီတီယာဘားရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက စောင့်ကြည့်နေရဆဲ ဆိုပေမယ့် တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရပါဘူး။ သူ့ရဲ့ အခြေအနေက တော်တော့်ကို ဆိုးရွားတယ်ဆိုတဲ့ ကောလာဟလ တချို့လည်း ထွက်ပေါ်နေပါတယ်။

ဘက်ဂျ်ရက်ကီတီယာဘားဟာ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းရဲ့ သားသမီးတွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ ဘုရင်ရဲ့ အိမ်ရှေ့စံ မင်းသားဘဝတုန်းက ပေါင်းဖက်ခဲ့ဖူးတဲ့ ပထမဆုံး ဇနီးဟောင်း ဆိုယမ်ဆာဝါလီက မင်းသမီးကို မွေးဖွားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ထိုင်းဘုရင်ကြီး ဘူမိဘောလ် အဒူလိုင်ဒက်ဂျ် ကွယ်လွန်ပြီး ဗဂျီရာလောင်ကွန်း အရိုက်အရာ ဆက်ခံချိန် ကတည်းက မင်းသမီးဟာ ဖခမည်းတော်ရဲ့ အတွင်းစည်းထဲမှာ ပါဝင်ခွင့် ရလာပါတယ်။ အခုအခါ သူဟာ ဘုရင်ရဲ့ တော်ဝင် အစောင့်တပ် အရာရှိ တစ်ဦးလည်း ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ဂျ်ရက်ကီတီယာဘား အမေရိကန် တက္ကသိုလ် နှစ်ခုက ဥပဒေဘွဲ့တွေ ရရှိထားတဲ့ ခေတ်ပညာတတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် ဗဂျီရာလောင်ကွန်းဟာ သူ့ရဲ့ ထီးမွေးနန်းလျာ ဆက်ခံသူကို မကြေညာသေးပေမယ့် ဘက်ဂျ်ရက်ကီတီယာဘားဟာ အဖြစ်သင့်ဆုံး ရွေးချယ်မှုလို့ ထိုင်းပြည်သူ အများစုက ယူဆနေပါတယ်။

ထိုင်းဘုရင်မှာ သားသမီး ၃ ဦးရှိနေပြီး ၁၉၂၄ ခုနှစ်၊ ထိုင်းနန်းမွေခံ ဥပဒေအရ ဘက်ဂျ်ရက်ကီတီယာဘားဟာ ထီးနန်းဆက်ခံပိုင်ခွင့် အပြည့်အဝ ရှိနေပါတယ်။ သူဟာ ကိုယ်လက်ကြံ့ခိုင်ရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အမျိုးသမီး အကျဉ်းသားတွေရဲ့ ဘဝ ပိုမိုတိုးတက် အဆင်ပြေစေရေးအတွက် ကာလရှည်ကြာ ဆော်ဩနေခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။