Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂၁ ဦးထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေ ရှိနေဆဲ

ဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားရောက် တွေ့ဆုံခဲ့သူ ကျန်းမာရေးဝန်ကြီး ဇာလီဟာ မူစတာဖာက ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်သည်တစ်ဦး ပါဝင်ကြောင်း ပြောပါတယ်။

မလေးရှားမှာ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂၁ ဦးထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေ ရှိနေဆဲ
မလေးရှားမှာ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂၁ ဦးထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေ ရှိနေဆဲ

မလေးရှားနိုင်ငံမှာ ဖြစ်ပွားတဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၁ ဦးထိ မြင့်တက်လာပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲပါ။

ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မလေးရှားနိုင်ငံ အနောက်တောင်ပိုင်း၊ ဘာတန်ကာလီ မြို့နယ်မှာရှိတဲ့ အပျော်တမ်း ရွက်ဖျင်တဲ ခရီးထွက်သူတွေ စည်ကားနေတဲ့ တောင်စောင်း ဧရိယာမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ချိန်က အဲဒီနေရာမှာ ရွက်ဖျင်တဲဆောက်ပြီး နေထိုင်ဖို့ စာရင်းပေးထားတာ ကလေး ၃၀ အပါအဝင် လူ ၈၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

အခုအခါမှာတော့ လူ ၂၁ ဦးထက်မနည်းရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီး ပျောက်ဆုံးနေသူ တစ်ဒါဇင်ကျော် ကျန်နေပါသေးတယ်။ ကယ်ဆယ်ရေး အဖွဲ့ဝင် ၄၀၀ လောက်ဟာ ရွှံ့ချပ်တွေ ဖုံးလွှမ်းနေတဲ့ ဧရိယာမှာ ဖြန့်ကျက်ပြီး ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။

လက်ရှိ အချိန်ထိ အတည်ပြုထားတဲ့ သေဆုံးစာရင်းမှာ အမျိုးသမီး ၁၂ ဦးနဲ့ ကလေး ၅ ဦး ပါရှိခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ထပ် ဒဏ်ရာရသူ အများအပြားကိုတော့ နိးစပ်ရာ ဆေးရုံတွေဆီ ဖြန့်ကျက် ပို့ဆောင်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားရောက် တွေ့ဆုံခဲ့သူ ကျန်းမာရေးဝန်ကြီး ဇာလီဟာ မူစတာဖာက ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်သည်တစ်ဦး ပါဝင်ကြောင်း ပြောပါတယ်။

ပေ ၁၀၀ လောက်မြင့်တဲ့ တောင်စောင်းကနေ မြေပြိုခဲ့တာဖြစ်ပြီး မြင်ကွင်းက လုံးဝဥဿုံ ကြေကွဲစရာ ဖြစ်နေခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အစိုးရကတော့ အဲဒီ ရွက်ဖျင်တဲစခန်း နေရာဟာ တရားမဝင် ဖွင့်လှစ်ထားတာလို့ စွပ်စွဲပါတယ်။ အဲဒီနေရာမှာ အော်ဂင်းနစ် စိုက်ခင်းတစ်ခုအတွက် လုပ်ပိုင်ခွင့် ပေးထားပေမယ့် ရွက်ဖျင်တဲတွေနဲ့ နားနေတာမျိုးကို ခွင့်ပြုမထားဘူးလို့ ဆိုပါတယ်။

တကယ်လို့ ဒီကိစ္စနဲ့ ဆက်စပ်ပြီး စခန်းပိုင်ရှင်မှာ ပြစ်မှုထင်ရှားရှိကြောင်း ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ရင်းဂစ်ငွေ ၅၀၀၀၀ (ဒေါ်လာ ၁၁၃၀၀ ကျော်)ထိ ဒဏ်ငွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ ဝန်ကြီးချုပ် ဇာဟစ် ဟာမီဒီယာကတော့ အဲဒီနေရာမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။ တကယ်လို့ ပေါ့လျော့မှု၊ တာဝန်ပျက်ကွက်မှုတွေ ဆက်နွှယ်နေကြောင်း ဖော်ထုတ် တွေ့ရှိလာရင်တော့ အပြစ်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ဟာမီဒီယာက သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။