Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံ ပိတ်ဆို့ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်

ထိုင်ဝမ်ဟာ ကိုယ်ပိုင် နိုင်ငံရေးစနစ်၊ ကိုယ်ပိုင် အစိုးရနဲ့ ရပ်တည်လိုပေမယ့် တရုတ်ကတော့ သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေးအရ ဘက်ပေါင်းစုံ ဖိအားပေးပြီး ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်မှု ခိုင်မာအောင် အစဉ်တစိုက် အားထုတ်နေပါတယ်။

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံ ပိတ်ဆို့ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်
ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံ ပိတ်ဆို့ပုံမျိုး တရုတ် စစ်ရေးလေ့ကျင့်

ထိုင်ဝမ်ကျွန်းကို ဝန်းရံ ပိတ်ဆို့တဲ့ ပုံစံမျိုး တရုတ် ရေတပ်နဲ့ လေတပ်တွေ ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဟာ ရေတပ် သင်္ဘောတွေ၊ လေယာဉ်တွေ ဒါဇင်နဲ့ချီ များပြားတဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်ကျွန်း တဝိုက်မှာ ပြုလုပ်နေပါတယ်။ ဧပြီ ၈ ရက်မှာတော့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ရဲ့ အမေရိကန် ခရီးစဉ်ကနေ ပြန်ရောက်လာချိန်မှာ တရုတ် ရေတပ်က ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝိုင်းပြီး စစ်ရေးလေ့ကျင့် လှုပ်ရှားခဲ့တာလို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ရဲ့ စစ်သင်္ဘော ၉ စီးနဲ့ လေယာဉ် ၇၁ စီးဟာ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်းကြားက ထိုင်ဝမ် ရေလက်ကြားအလယ် နယ်နိမိတ် သတ်မှတ်မျဉ်းကို ဖြတ်ကျော်ခဲ့တယ်လို့လည်း ထိုင်ဝမ်က ပြောပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး တိုက်ခိုက် သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပြီးသားပါ။

တရုတ် စစ်သင်္ဘော တစ်စီးဟာ တရုတ်ပြည်မကြီးနဲ့ အနီးဆုံး ထိုင်ဝမ် ပိုင်နက်ဖြစ်တဲ့ ပင်တန်ကျွန်းနားက ဖြတ်သန်းတဲ့အချိန် အမြောက်တစ်ချက် ပစ်ဖောက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရ မီဒီယာတွေက သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ရေတပ်ကို စုစည်းပြီး ထိုင်ဝမ်ကျွန်း ပတ်ပတ်လည် စနစ်တကျ လုံခြုံရေးယူ ကင်းလှည့်တဲ့ အစီအမံမျိုး ဖြစ်တယ်လို့ ကြေညာပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ တာဝေးပစ် လက်နက်ကြီးတွေ၊ ရေတပ် ဖျက်သင်္ဘောတွေ၊ ဒုံးကျည်တင် မော်တော်ဘုတ်တွေ၊ လေတပ် တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ ရန်သူကို နှောင့်ယှက်တဲ့ အီလက်ထရောနစ် စနစ်တွေ၊ ဆီဖြည့်တင်းတဲ့ သင်္ဘောနဲ့ လေယာဉ်တွေ စုံစုံလင်လင် ပူးပေါင်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင် နိုင်ငံရေးစနစ်၊ ကိုယ်ပိုင် အစိုးရနဲ့ ရပ်တည်လိုပေမယ့် တရုတ်ကတော့ သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေးအရ ဘက်ပေါင်းစုံ ဖိအားပေးပြီး ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်မှု ခိုင်မာအောင် အစဉ်တစိုက် အားထုတ်နေပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်က အမေရိကန်မှာ လွှတ်တော်အမတ် ကီဗင် မက္ကာသီနဲ့ တွေ့ဆုံခဲ့တဲ့နောက် တရုတ်က ထိုင်ဝမ် ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်ခဲ့တာပါ။ မနှစ်တုန်းကလည်း အမေရိကန်ရဲ့ အဲဒီတုန်းက လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကို အလည်အပတ် လာရောက်ခဲ့တဲ့နောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်း တဝိုက်မှာ အင်အား အလုံးအရင်းနဲ့ တစ်ပတ်နီးပါးကြာအောင် စစ်ရေးလေ့ကျင့်ပြခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။