Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘုရားသခင်နဲ့ ဆုံခွင့်ရရေးအတွက် သေတဲ့အထိ အငတ်ခံကြဖို့ ဟောခဲ့တဲ့ ကင်ညာ တရားဟောဆရာ အဖမ်းခံရ

အာဖရိက ဒေသတွင်းက ကင်ညာဟာ ဘာသာရေး အယူသီးမှုတွေ ထူထူပြောပြော ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အရင်ကလည်း လူတွေ အန္တရာယ် ဖြစ်စေနိုင်တဲ့၊ ဘေးသင့်စေနိုင်တဲ့ အစွန်းရောက် လုပ်ရပ်တွေ ခိုင်းစေတဲ့ ဘာသာရေးဂိုဏ်းတွေကြောင့် ပြဿနာတွေ ကြုံခဲ့ဖူးပါတယ်။

ဘုရားသခင်နဲ့ ဆုံခွင့်ရရေးအတွက် သေတဲ့အထိ အငတ်ခံကြဖို့ ဟောခဲ့တဲ့ ကင်ညာ တရားဟောဆရာ အဖမ်းခံရ
ဘုရားသခင်နဲ့ ဆုံခွင့်ရရေးအတွက် သေတဲ့အထိ အငတ်ခံကြဖို့ ဟောခဲ့တဲ့ ကင်ညာ တရားဟောဆရာ အဖမ်းခံရ

ဘုရားသခင်နဲ့ တွေ့ဆုံခွင့် ရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အစာငတ်ခံပြီး သေကြောင်းကြံကြဖို့ နောက်လိုက်နောက်ပါတွေကို ဟောပြော ညွှန်ကြားခဲ့တဲ့ တရားဟောဆရာ တစ်ဦးကို ကင်ညာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေပါတယ်။

ရဲတွေက ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မာလင်ဒီမှာ မြေမြှုပ်ထားတဲ့ အလောင်း ၂၁ ခုထက်မနည်းကို တူးဖော် တွေ့ရှိခဲ့တဲ့နောက် တရားဟောဆရာ ပေါလ်မက္ကင်ဇီ နီသန်ဂီကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ တရားရုံးမှာ စွဲချက်တင်ခံရမယ့် အလားအလာလည်း ရှိနေပါတယ်။

ရှာကာဟိုလာ သစ်တော ဧရိယာထဲမှာ ကျင်းခပ်တိမ်တိမ်တူးပြီး မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာမှာ ကလေးတွေရဲ့ အလောင်းတွေကိုပါ ရှာတွေ့ခဲ့ပါတယ်။ အလောင်းအားလုံးဟာ အစာရေစာ ငတ်ပြတ် သေဆုံးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ရဲတွေက ပြောပါတယ်။

ရဲတွေဟာ နီသန်ဂီ ဦးစီးတဲ့ မင်္ဂလာသတင်း နိုင်ငံတကာ ခရစ်ယာန် ကျောင်းတော်နဲ့ ဆက်စပ်နေတဲ့ ကိုးကွယ်သူ ၁၅ ဦးကိုလည်း ကယ်ဆယ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နီသန်ဂီဟာ အစွန်းရောက် ဘာသာရေးခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး လက်ရှိ အချိန်ထိ သူ့ရဲ့ ဟောပြောမှုတွေနဲ့ ဆက်နွှယ်လို့ အစာငတ် သေဆုံးသူ ၅၈ ဦးထက် မနည်းရဲ့ အလောင်းတွေကို တူးဖော် တွေ့ရှိထားပြီး ဖြစ်ပါတယ်။

နီသန်ဂီက သူဟာ ဘာအမှားမှ ကျူးလွန်မထားခဲ့ကြောင်း ပြောပေမယ့် လောလောဆယ်မှာတော့ အာမခံ မရပါဘူး။ ပြီးတော့ သူ့ရဲ့ ဘုရားကျောင်းကို ၂၀၁၉ ခုနှစ်မှာ ကတည်းက ပိတ်ထားခဲ့ပြီး ဖြစ်တယ်လို့လည်း နီသန်ဂီက အခိုင်အမာ ထွက်ဆိုထားပါတယ်။

သူဟာ နောက်လိုက်နောက်ပါတွေကို ခရစ်တော်နဲ့ တွေ့ဆုံခွင့် ရရေးအတွက် ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အစာရေစာ ငတ်ပြတ်ခံကြဖို့ ဟောပြောလေ့ ရှိပါတယ်။ လောလောဆယ်တော့ ရဲတွေက ရုပ်အလောင်းတွေကို DNAနဲ့ သေမှုသေခင်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သေဆုံးမှု အကြောင်းရင်းမှာ တခြားပယောဂ ပါမပါ ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေပါတယ်။

ရဲတွေက ကိုယ့်ကိုယ်ကိုယ် အစာငတ် အသေခံခဲ့တယ်လို့ ယုံကြည်ရသူ ၄ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ နီသန်ဂီကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ အနည်းဆုံး ရွာသုံးခုမှာ နှစ်ခြင်း ခရစ်ယာန် သာသနာပြု လုပ်ငန်းတွေ အကောင်အထည် ဖော်ရင်း ယုံကြည် ကိုးကွယ်သူတွေကို အစာငတ်ခံဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အာဖရိက ဒေသတွင်းက ကင်ညာဟာ ဘာသာရေး အယူသီးမှုတွေ ထူထူပြောပြော ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အရင်ကလည်း လူတွေ အန္တရာယ် ဖြစ်စေနိုင်တဲ့၊ ဘေးသင့်စေနိုင်တဲ့ အစွန်းရောက် လုပ်ရပ်တွေ ခိုင်းစေတဲ့ ဘာသာရေးဂိုဏ်းတွေကြောင့် ပြဿနာတွေ ကြုံခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။