Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား၊ ဘီလားရုစ်တို့နဲ့ လက်တွဲမယ့် နိုင်ငံတွေဆီ နျူကလီးယား လက်နက်တွေ ထောက်ပံ့မယ်လို့ ဘီလားရုစ် သမ္မတ ကမ်းလှမ်း

လူကာရှန်ကိုကတော့ နျူကလီးယား လက်နက်တွေ လက်ခံချင်တဲ့ နိုင်ငံတွေအတွက် လုံခြုံရေး ရှုူထောင့်အရ ဘာမှ စိုးရိမ်စရာ မရှိသလို ရုရှားက အပြည့်အဝ တာဝန်ယူပေးနိုင်တယ်လို့လည်း အာမခံသွားခဲ့ပါတယ်။

ရုရှား၊ ဘီလားရုစ်တို့နဲ့ လက်တွဲမယ့် နိုင်ငံတွေဆီ နျူကလီးယား လက်နက်တွေ ထောက်ပံ့မယ်လို့ ဘီလားရုစ် သမ္မတ ကမ်းလှမ်း
ရုရှား၊ ဘီလားရုစ်တို့နဲ့ လက်တွဲမယ့် နိုင်ငံတွေဆီ နျူကလီးယား လက်နက်တွေ ထောက်ပံ့မယ်လို့ ဘီလားရုစ် သမ္မတ ကမ်းလှမ်း

ရုရှား၊ ဘီလားရုစ်တို့နဲ့ လက်တွဲ ရပ်တည်လိုတဲ့ နိုင်ငံတွေဟာ နျူကလီးယား စစ်လက်နက် အထောက်အပံ့တွေ ရရှိနိုင်လိမ့်မယ်လို့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားလိုက်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို ပြည်ပနိုင်ငံ တစ်ခုမှာ ပြန်လည် ဖြန့်ကျက်ဖို့ စီစဉ်ထားပြီး ဘီလားရုစ်ဆီ နျူကလီးယား ဒုံးကျည်တွေ တင်ပို့မှု စတင်နေပြီလို့ လူကာရှန်ကိုက မကြာသေးခင်က ထုတ်ပြောထားပါတယ်။ ဘီလားရုစ် စစ်သည်တွေဟာ အဲဒီ နျူကလီးယား လက်နက်တွေကို ကိုင်တွယ်နိုင်ဖို့ သင်တန်းပေး ပို့ချမှုတွေလည်း ရရှိထားကြပြီးပါပြီ။

လူကာရှန်ကိုက ကာဇန်စတန်နဲ့ တခြားနိုင်ငံ တချို့ဟာလည်း ဘီလားရုစ်နည်းတူ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားနိုင်ကြောင်း၊ သူဆိုလိုတဲ့ သဘောတရားက အရမ်းရိုးရှင်းပြီး ရုရှား-ဘီလားရုစ် ပေါင်းစည်းစာချုပ် သဘောတူညီမှုမှာ လာရောက် ချိတ်ဆက်ချင်တဲ့ ဘယ်သူမဆို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ခွင့် ရလာမှာဖြစ်ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြားသွားပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ဘီလားရုစ်-ရုရှား ပေါင်းစည်း စာချုပ်အရ နှစ်နိုင်ငံကြား စီးပွားရေး၊ သတင်းအချက်အလက် နည်းပညာ၊ စိုက်ပျိုးရေးနဲ့ နယ်စပ်လုံခြုံရေးတွေ အပါအဝင် ကဏ္ဍအတော်များများမှာ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီထားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လူကာရှန်ကိုရဲ့ မှတ်ချက်စကားဟာ ရုရှားနဲ့ ရင်းနှီးပေမယ့် သဘောထား ပျော့ပျောင်းတဲ့ ဒေသတွင်း နိုင်ငံတွေကို နျူကလီးယား လက်နက်တွေ မက်လုံးပေးပြီး ရုရှား-ဘီလားရုစ် ပေါင်းစည်းစာချုပ် အဖွဲ့ဝင်အဖြစ် ပါဝင်လာဖို့ စည်းရုံးနေတာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရပါဘူး။

ဒါပေမဲ့ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မျိုးမှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို တခြားနိုင်ငံတွေဆီ ဖြန့်ကျက်ခွင့် ပေးမယ်ဆိုတဲ့ သဘောမျိုး သူ့ရဲ့ ကမ်းလှမ်းမှုက အန္တရာယ် များလွန်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

လူကာရှန်ကိုကတော့ နျူကလီးယား လက်နက်တွေ လက်ခံချင်တဲ့ နိုင်ငံတွေအတွက် လုံခြုံရေး ရှုူထောင့်အရ ဘာမှ စိုးရိမ်စရာ မရှိသလို ရုရှားက အပြည့်အဝ တာဝန်ယူပေးနိုင်တယ်လို့လည်း အာမခံသွားခဲ့ပါတယ်။

လူကာရှန်ကိုဟာ ဥရောပတိုက်ရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ သတ်မှတ် ခံထားရသူဖြစ်ပြီး ၁၉၉၄ ခုနှစ် ကတည်းက သမ္မတ နေရာကို ရယူထားခဲ့ပါတယ်။ သူဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အားအကိုးဆုံး စစ်ရေး မဟာမိတ် တစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook