Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူမှာ အတိုက်အခံ ပါတီ ၄ ခု စုစည်းပြီး နိုင်ငံရေး မဟာမိတ်ဖွဲ့

ပြည်သူ့ မဟာမိတ် အင်အားစုဟာ ညွန့်ပေါင်း အသင်းအဖွဲ့ အနေနဲ့ မှတ်ပုံတင်ပြီးရင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

စင်ကာပူမှာ အတိုက်အခံ ပါတီ ၄ ခု စုစည်းပြီး နိုင်ငံရေး မဟာမိတ်ဖွဲ့
စင်ကာပူမှာ အတိုက်အခံ ပါတီ ၄ ခု စုစည်းပြီး နိုင်ငံရေး မဟာမိတ်ဖွဲ့

စင်ကာပူ ရွေးကောက်ပွဲ အကြိုမှာ အတိုက်အခံ ပါတီ ၄ ခုက နိုင်ငံရေး မဟာမိတ်တွေအဖြစ် စုပေါင်းလိုက်ကြောင်း သိရပါတယ်။

အဲဒီ နိုင်ငံရေး မဟာမိတ် စုဖွဲ့မှုကို ပြည်သူ့ မဟာမိတ် အင်အားစုလို့ ခေါ်တွင်စေမယ်လို့ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ လင်မ်တီယန်က ပြောပါတယ်။ ပြည်သူ့အသံပါတီ၊ ပြုပြင်ပြောင်းလဲရေးပါတီ၊ ပြည်သူ့စွမ်းအားပါတီ၊ ဒီမိုကက်တစ် တိုးတက်ရေးပါတီတွေဟာ လက်ရှိ အာဏာရ ပါတီကို စိန်ခေါ်နိုင်ဖို့အတွက် အင်အားတွေ စုပေါင်းလိုက်တဲ့ သဘော ဖြစ်ပါတယ်။

စင်ကာပူရဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်မှာ ကျင်းပ ပြုလုပ်သွားမှာပါ။

ပြည်သူ့အသံ ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ လင်မ်က ပါတီလေးခုကြား မဟာမိတ် ဖွဲ့စည်းရေး ကိစ္စကို ဇန်နဝါရီလ ကတည်းက အကျေအလည် ဆွေးနွေးနေခဲ့ကြတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၈ တုန်းက အတိုက်အခံ ပါတီတွေ မဟာမိတ်ဖွဲ့ဖို့ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြဖူးကြောင်း၊ အဲဒီတုန်းက ပါတီ စုစုပေါင်း ၇ ခုရဲ့ စုပေါင်း ဆွေးနွေးမှုဟာ ကံအကြောင်းမလှစွာနဲ့ဘဲ ဘာအကျိုးရလဒ်မှ မဖြစ်ထွန်းခဲ့ကြောင်း လင်မ်က Facebookမှာ ရေးသားထားခဲ့ပါတယ်။

အခု မဟာမိတ် ဖွဲ့လိုက်တဲ့ ပါတီ ၄ ခုဟာ နိုင်ငံနဲ့ ပြည်သူတွေ အကျိုးကို သယ်ပိုးနိုင်မယ့် မဟာဗျူဟာ မူဝါဒတွေကိုလည်း အကျေအလည် ညှိနှိုင်း သဘောတူထားခဲ့တယ်လို့ လင်မ်က ဆိုပါတယ်။ မဟာမိတ် အင်အားစုရဲ့ အဓိက ရည်မှန်းချက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာတွေ ပိုင်ဆိုင်နိုင်ရေးပဲ ဖြစ်ပါတယ်။

ပြည်သူ့ မဟာမိတ် အင်အားစုဟာ ညွန့်ပေါင်း အသင်းအဖွဲ့ အနေနဲ့ မှတ်ပုံတင်ပြီးရင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိ စင်ကာပူ နိုင်ငံမှာတော့ ဝန်ကြီးချုပ် လီရှန်လွန်း ဦးဆောင်တဲ့ အာဏာရ ပြည်သူ့ လှုပ်ရှားမှု ပါတီက လွှတ်တော်အမတ် ၁၀၃ နေရာထဲက ၈၃ နေရာထိ ထိန်းချုပ်ထားနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။