Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ရထားချင်းတိုက်မိရာက လူ ၂၃၀ ကျော်သေဆုံး

အိန္ဒိယ ရထားပို့ဆောင်ရေး ဌာနက Coromandel Expressနဲ့ Howraf Superfast Express ကုမ္ပဏီတွေရဲ့ ရထားတွေ တိုက်မိခဲ့တာလို့ ထုတ်ပြန်ပါတယ်။

အိန္ဒိယမှာ ရထားချင်းတိုက်မိရာက လူ ၂၃၀ ကျော်သေဆုံး
အိန္ဒိယမှာ ရထားချင်းတိုက်မိရာက လူ ၂၃၀ ကျော်သေဆုံး

အိန္ဒိယ နိုင်ငံမှာ ရထားချင်း မတော်တဆမှု တခု ဖြစ်ပွားခဲ့တာကြောင့် လူ ၂၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ အရှေ့ပိုင်းက ဩရိသ ပြည်နယ်မှာ ဇွန်လ ၂ ရက် ညပိုင်းက ဆိုးရွားတဲ့ ရထားတိုက်မှုကြီး ဖြစ်ခဲ့တာပါ။ ဘာလာစကော် ဒေသမှာ အရေးပေါ် ပြဿနာတခု ဖြစ်ပွားကြောင်း သိသိချင်း လူနာတင်ယာဉ် အစီး ၂၀၀ ကျော်ကို စေလွှတ်ခဲ့ရတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ပရာဒိပ် ဂျန်နာက ပြောပါတယ်။

ဖြစ်စဉ်မှာ ခရီးသည်တင် ရထားတစီးဟာ သံလမ်းပေါ်က ချော်ထွက်သွားရာက အနီးကပ် သံလမ်းနောက်တခုမှာ ရှိနေတဲ့ တခြားရထားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အလောင်း ၂၃၃ လောင်း ရှာတွေ့ထားပြီး အသေအပျောက်က ဒီထက် တိုးလာနိုင်တယ်လို့ ဂျန်နာက မှတ်ချက် ပေးထားပါတယ်။

အိန္ဒိယ ရထားပို့ဆောင်ရေး ဌာနက Coromandel Expressနဲ့ Howraf Superfast Express ကုမ္ပဏီတွေရဲ့ ရထားတွေ တိုက်မိခဲ့တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးဟာ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ ရထားတွေအပေါ် အကြီးအကျယ် မှီခိုနေရဆဲပါ။ ရထားတွေရဲ့ ဟောင်းနွမ်းမှု၊ ရထားလမ်းတွေကို ပြုပြင်ထိန်းသိမ်းနိုင်စွမ်း အားနည်းမှုတွေကြောင့် အိန္ဒိယမှာ ရထားလမ်း မတော်တဆမှုတွေ မကြာခဏ သတင်းကြားရလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်ကတော့ လက်ရှိ ရာစုနှစ်အတွင်း အိန္ဒိယရဲ့ အဆိုးဆုံး ရထား မတော်တဆမှုကြီးလို့ ယူဆရပါတယ်။

တာဝန်ရှိသူတွေက အခင်းဖြစ်တဲ့ နေရာဆီကို ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေ ရနိုင်သမျှ အမြန်ဆုံး စုစည်း ပို့ဆောင်ပေးနေပါတယ်။

ပြည်ထဲရေး ဝန်ကြီး အမစ်ရှားက တုန်လှုပ်ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်လို့ အလေးအနက် ဝမ်းနည်းမိကြောင်း၊ အစိုးရ အနေနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေက ရထားတွဲ အပျက်အစီးတွေ ကြားထဲမှာ အသက်ရှင်လျက် ပိတ်မိနေနိုင်သူတွေကို အပူတပြင်း ရှာဖွေနေဆဲပါ။

အိန္ဒိယနိုင်ငံ သမိုင်းမှာ အဆိုးဆုံး ရထား မတော်တဆမှုကြီးကတော့ ၁၉၈၁ ခုနှစ်တုန်းက ဖြစ်ပွားခဲ့ပြီး မတန်တဆ လူတင်ထားတဲ့ ခရီးသည်တင် ရထားတစီးဟာ ဘီဟာပြည်နယ်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေတုန်း မြစ်ထဲ ထိုးကျရာက လူ ၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။