Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

ဟိုတယ်ကို စီးနင်းခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက် စစ်သွေးကြွ အားလုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်လဲ ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး
ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာ နိုင်ငံက ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေက စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။

ဇွန်လ ၉ ရက် ညပိုင်းက မြို့တော် မိုဂါဒစ်ရှူးမှာရှိတဲ့ Pearl ကမ်းခြေ ဟိုတယ်ကို အယ်လ်ရှာဘက်ဘ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ စီးနင်းထားခဲ့ပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ အရင်ကလည်း Pearlလိုမျိုး နိုင်ငံခြားသားတွေ၊ အစိုးရ အရာရှိတွေ အဝင်အထွက် များပြားရာ ဟိုတယ်တွေနဲ့ တခြားနေရာတွေကို စီးနင်း တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

Pearlဟိုတယ် တိုက်ခိုက်ခံရမှုမှာ အရပ်သား ၆ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဟိုတယ်ထဲမှာ ရှိနေသူ ၈၀ လောက်ကို လုံခြုံရေး အဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆိုမာလီယာ အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ရဲရဲရင့်ရင့် တုံ့ပြန်မှုကို ချီးကျူးကြောင်းလည်း ကြေညာပါတယ်။

ဟိုတယ်ကို စီးနင်းခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက် စစ်သွေးကြွ အားလုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်လဲ ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဟိုတယ်နားမှာ ရှိနေသူတွေက ပေါက်ကွဲသံတွေ ကြားရပြီးတဲ့နောက် ဟိုတယ်ရဲ့ ပင်မ ဝင်ပေါက်ဖက်က သေနတ်သံတွေ ဆက်တိုက် ထွက်ပေါ်လာပြီး လူတွေ အထိတ်တလန့် ထွက်ပြေးလာတာ မြင်ရကြောင်း ပြောပါတယ်။ နောက်ပြီး လမ်းပေါ်မှာလည်း လူတချို့ လဲကျနေတာကို တွေ့တယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

မကြာသေးခင်ကလည်း အယ်လ်ရှာဘက်ဘ် စစ်သွေးကြွတွေဟာ မိုဂါဒစ်ရှူး တောင်ဖက်က ရှာဘယ်လာ ဒေသမှာ အာဖရိက သမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် ရောက်ရှိနေတဲ့ ယူဂန္ဓာ စစ်သည်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အကျအဆုံး ဒါဇင်နဲ့ချီ များပြားခဲ့တယ်လို့ ယူဂန္ဓာ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook