Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ လေပိုင်နက်ထဲ ရောက်နေတဲ့ နောက်ထပ် အမျိုးအမည်မသိ အရာတစ်ခုကို အမေရိကန်လေတပ် ပစ်ချ

ကနဦး သိရှိထားတဲ့ အချက်တွေအရ ပစ်ချခံရတဲ့ အရာဟာ အရွယ်အစား သိပ်မကြီးဘဲ ဆလင်ဒါပုံသဏ္ဍန်မျိုးလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ကနေဒါ အာဏာပိုင်တွေက အဲဒီ ပစ္စည်းရဲ့ အပျက်အစီးတွေကို ရှာဖွေနေပါတယ်။

ကနေဒါ လေပိုင်နက်ထဲ ရောက်နေတဲ့ နောက်ထပ် အမျိုးအမည်မသိ အရာတစ်ခုကို အမေရိကန်လေတပ် ပစ်ချ
ကနေဒါ လေပိုင်နက်ထဲ ရောက်နေတဲ့ နောက်ထပ် အမျိုးအမည်မသိ အရာတစ်ခုကို အမေရိကန်လေတပ် ပစ်ချ

ကနေဒါ လေပိုင်နက်ထဲ ကျူးကျော် ရောက်ရှိနေတဲ့ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို အမေရိကန် လေတပ်ရဲ့ အကူအညီနဲ့ ပစ်ချနိုင်ခဲ့ကြောင်း ကနေဒါ အစိုးရက ကြေညာပါတယ်။

အမေရိကန်ပိုင် အလာစကာ ပြည်နယ်နဲ့ ထိစပ်နေတဲ့ ယူကွန်းဒေသမှာ အဲဒီ အရာကို ပစ်ချခဲ့တာလို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက အတည်ပြုခဲ့ပါတယ်။ အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုကို လေပိုင်နက်ထဲမှာ ထောက်လှမ်းမိခဲ့တဲ့နောက် ကနေဒါနဲ့ အမေရိကန် တိုက်လေယာဉ်တွေ အပြိုင် ပျံတက်ပြီး အဲဒီပစ္စည်းနောက် ခြေရာခံခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ F-22 တစ်စီးက အဲဒီအရာကို ပစ်ချခဲ့တာလို့ ထရူဒူက ဆိုပါတယ်။a

ဒီဖြစ်စဉ်ဟာ မြောက်အမေရိကတိုက် လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ အရာတွေကို တစ်ပတ်အတွင်း တတိယအကြိမ်မြောက် ပစ်ချရခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က အမေရိကန် ကမ်းလွန်မှာ တရုတ် မိုးပျံပူဖောင်း တစ်လုံးကို အမေရိကန်က ပစ်ချခဲ့တာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုသီတင်းပတ်ကုန်မှာတော့ အမေရိကန်ပိုင် အလာစကာ ပြည်နယ်နဲ့ ကနေဒါပိုင် ယူကွန်းဒေသတွေမှာ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေ နှစ်ရက်ဆက်တိုက် ပစ်ချ ခံခဲ့ရပြန်တာပါ။ အဲဒီလို ပစ်ချခဲ့တဲ့ ၃ ကြိမ်စလုံးကို အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး လေကြောင်းကာကွယ်ရေး တိုက်လေယာဉ်တွေဖြစ်တဲ့ F-22တွေက တာဝန်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရူဒူက ကနေဒါ လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ အရာကို ပစ်ချပိုင်ခွင့်အတွက် နောက်ဆုံး အတည်ပြုချက် အမိန့် ပေးခဲ့ကြောင်းနဲ့ ဒီကိစ္စအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ပါ အကျေအလည် ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက်တွေကို အတည်ပြုခဲ့ပါတယ်။

အလာစကာမှာ တွေ့ခဲ့တဲ့ အရာနည်းတူ အဲဒီ အရာဟာ အမြင့်ပေ ၄၀၀၀၀ ဝန်းကျင်လောက်မှာ ပျံသန်းနေခဲ့တာလို့ ဆိုပါတယ်။

ကနဦး သိရှိထားတဲ့ အချက်တွေအရ ပစ်ချခံရတဲ့ အရာဟာ အရွယ်အစား သိပ်မကြီးဘဲ ဆလင်ဒါပုံသဏ္ဍန်မျိုးလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ကနေဒါ အာဏာပိုင်တွေက အဲဒီ ပစ္စည်းရဲ့ အပျက်အစီးတွေကို ရှာဖွေနေပါတယ်။

အတ္တလန္တိတ် ကမ်းလွန်မှာ အမေရိကန်က အစောဆုံး ပစ်ချခဲ့တဲ့ မိုးပျံပူဖောင်းနဲ့ ယှဉ်ရင် ကနေဒါမှာ တွေ့တဲ့ အရာက သိသိသာသာ အရွယ်အစား သေးငယ်တယ်လို့လည်း သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ FBI ထောက်လှမ်းရေး ဌာနဟာ ကနေဒါ ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းပြီး အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။