Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်ဖွား Popဂီတ အဆိုတော် ကိုကိုလီ ကွယ်လွန်

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။

ဟောင်ကောင်ဖွား Popဂီတ အဆိုတော် ကိုကိုလီ ကွယ်လွန်
ဟောင်ကောင်ဖွား Popဂီတ အဆိုတော် ကိုကိုလီ ကွယ်လွန်

ဟောင်ကောင်ဖွား အမေရိကန် Popဂီတ အဆိုတော် ကိုကိုလီဟာ အသက် ၄၈ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း မိသားစုက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟောင်ကောင်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ရာက ရက်ပိုင်းအကြာမှာ ကွယ်လွန်သွားတာလို့ သိရပါတယ်။ ကိုကိုလီကို ဆေးရုံတင်ပို့ခဲ့ပြီး ဆရာဝန်တွေက အစွမ်းကုန် ကြိုးစား ကုသပေးခဲ့ပေမယ့် အခြေအနေ တိုးတက်မလာတော့ဘဲ ဇူလိုင် ၅ ရက်မှာ ကွယ်လွန်သွားခဲ့တာလို့ သူ့ရဲ့ အစ်မနှစ်ဦးဖြစ်တဲ့ နန်စီလီနဲ့ ကာလိုလီတို့က ပြောကြားခဲ့ပါတယ်။

ကိုကိုလီဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ စိတ်ဖိစီးမှု ပြဿနာတွေနဲ့ အပြင်းအထန် ရင်ဆိုင်ခဲ့ရကြောင်း အစ်မနှစ်ဦးက ဆိုပါတယ်။ ကိုကိုလီဟာ မွေးချင်း ၃ ဦးထဲမှာ အငယ်ဆုံးဖြစ်ပြီး အင်ဒိုနီးရှားသား ဖခင်နဲ့ ဟောင်ကောင်သူ မိခင်တို့က မွေးဖွားခဲ့တာပါ။

မိသားစုက ကိုကိုလီဟာ တရုတ်အဆိုတော်တွေ နိုင်ငံတကာ အနုပညာ နယ်ပယ်မှာ ဝင်ဆံ့လာအောင် ရှေ့ဆောင်လမ်းပြ ကြိုးစားပေးခဲ့သူ တစ်ဦးလို့ အမှတ်တရ ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး ထူးချွန်ထက်မြက်တဲ့ ညီမတစ်ယောက် ရှိခဲ့ဖူးတာကို တစ်သက်လုံး ဂုဏ်ယူနေမှာ ဖြစ်တယ်လို့လည်း နန်စီနဲ့ ကာလိုတို့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။

လီဟာ ၁၉၉၉ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ Just No Other Way အယ်လ်ဘမ်နဲ့အတူ နိုင်ငံတကာ ဂီတလောကထဲ ထိုးဖောက်နိုင်ခဲ့ပါတယ်။ Crouching Tiger, Hidden Dragon ရုပ်ရှင်မှာ သူသီဆိုခဲ့တဲ့ ဇာတ်ဝင်သီချင်း A Love Before Timeကလည်း အော်စကာဆု ဆန်ခါတင် စာရင်းမှာ ရွေးချယ်ခံရတဲ့ထိ အောင်မြင်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။