Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်မဲပေးမှု ပထမအချီမှာ အရေးနိမ့်ခဲ့ပေမယ့် လက်မလျှော့ဘူးလို့ ဖီထာပြော

မေလလယ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံး ရရှိခဲ့တဲ့ မုဗ်ဖော်ဝပ် ပါတီ (MFP)ရဲ့ အကြီးအကဲဟာ အတိုက်အခံ မဟာမိတ် အင်အားစုတွေကို ဦးဆောင်ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့် ဇူလိုင် ၁၃ ရက် လွှတ်တော် မဲခွဲမှုမှာတော့ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် မရရှိဘဲ အရေးနိမ့်ခဲ့ပါတယ်။

လွှတ်တော်မဲပေးမှု ပထမအချီမှာ အရေးနိမ့်ခဲ့ပေမယ့် လက်မလျှော့ဘူးလို့ ဖီထာပြော
လွှတ်တော်မဲပေးမှု ပထမအချီမှာ အရေးနိမ့်ခဲ့ပေမယ့် လက်မလျှော့ဘူးလို့ ဖီထာပြော

လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်သွားခဲ့ပေမယ့် ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်ချက်တွေကို လက်လျှော့လိုက်မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အကြီးအကဲ ဖီထာ လင်မ်ဂျာရွန်ရတ်က ပြောကြားခဲ့ပါတယ်။

မေလလယ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံး ရရှိခဲ့တဲ့ မုဗ်ဖော်ဝပ် ပါတီ (MFP)ရဲ့ အကြီးအကဲဟာ အတိုက်အခံ မဟာမိတ် အင်အားစုတွေကို ဦးဆောင်ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့် ဇူလိုင် ၁၃ ရက် လွှတ်တော် မဲခွဲမှုမှာတော့ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် မရရှိဘဲ အရေးနိမ့်ခဲ့ပါတယ်။

သူဟာ လွှတ်တော်မှာ ဝန်ကြီးချုပ် နေရာအတွက် အဆိုပြုခံရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး လာမယ့် သီတင်းပတ်မှာ နောက်တစ်ကြိမ် မဲခွဲမှု ခံယူဖို့ ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဖီထာဟာ ကွန်ဆာဗေးတစ် အများစု ပါဝင်တဲ့ အထက်လွှတ်တော် အမတ် အများစုရဲ့ ထောက်ခံမှုကို မရတာကြောင့်လည်း ဝန်ကြီးချုပ် ဖြစ်လာဖို့ အခက်တွေ့နေပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖီထာကတော့ ကနဦး အားထုတ်မှုမှာ မအောင်မြင်ခဲ့တာကို စိတ်ပျက်ပေမယ့် လက်လျှော့ဦးမှာ မဟုတ်ကြောင်း ပြောပါတယ်။ ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် ဖီထာဟာ အမတ် ၇၅၀ ရှိတဲ့အနက် ၃၇၅ ဦးထက် မနည်းရဲ့ ထောက်ခံမှု လိုအပ်ပေမယ့် ၇၀၄ မဲထိ ရေတွက်ပြီးချိန်မှာ ၃၂၄ မဲသာ ရရှိထားတဲ့နောက် သတ်မှတ် မဲအရေအတွက် မရဖို့ သေချာသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော်ရဲ့ မဲရလဒ်တွေကို သူ့အနေနဲ့ လက်ခံရမှာဖြစ်ကြောင်း၊ ဒါပေမဲ့လည်း လက်လျှော့ အရှုံးပေးလိုက်မှာတော့ မဟုတ်ကြောင်း ဖီထာက ဆိုပါတယ်။ ဒုတိယအကျော့ လွှတ်တော် မဲပေးမှုမှာ ထောက်ခံမဲတွေ ပိုမိုရရှိအောင် ဘယ်လို ညှိနှိုင်းလို့ ရနိုင်မလဲ ဆိုတာကို သူ့အနေနဲ့ မဟာဗျူဟာတွေ ပြန်လည် ရေးဆွဲ သုံးသပ်သွားမှာဖြစ်ကြောင်း ဖီထာက ပြောပါတယ်။

သူ့ကို ကွန်ဆာဗေးတစ် အများစုက အပြင်းအထန် ဆန့်ကျင်နေကြတာဟာ ဘုရင်နဲ့ တော်ဝင်မိသားစုကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိကြောင့် ဖြစ်ပါတယ်။ ဖီထာကတော့ သူဟာ ဘုရင်စနစ်ကို ဆန့်ကျင်တာ မဟုတ်ဘဲ အဲဒီ ဥပဒေကို နိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးချလို့ ရနေတာတွေကို ဟန့်တားဖို့သာ ရည်ရွယ်ထားကြောင်း ဖြေရှင်းပါတယ်။

အဲဒီ အငြင်းပွားစရာ ဥပဒေအရ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို လှောင်ပြောင် စော်ကားသူ၊ သိက္ခာချသူတွေဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတွေ ချမှတ်ခံရနိုင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစလို့ အသက်မပြည့်သေးတဲ့ ကလေးတွေ အပါအဝင် လူပေါင်း ရာနဲ့ချီပြီး အဲဒီ ဥပဒေအရ တရားစွဲဆို ခံခဲ့ရပါတယ်။

ဖီထာက ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့ပါတီရဲ့ မူဝါဒကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ထိုင်းလွှတ်တော် အစည်းအဝေးမှာ ဖီထာ တစ်ဦးတည်းကိုသာ ဝန်ကြီးချုပ်လောင်း အနေနဲ့ နာမည်စာရင်း တင်သွင်းထားပြီး လက်ရှိ အချိန်မှာ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးတာကြောင့် လွှတ်တော် အနေနဲ့ နောက်ထပ် မဲပေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။

အတွေးအမြင်

၂၀၂၅ ခုနှောင်းပိုင်းမှာ စစ်ကောင်စီက စိတ်တိုင်းကျ ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာတဲ့ စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အသစ်တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက်မှာ သြဇာအာဏာအမဲ့ဆုံး လွှတ်တော်တွေသာ ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးကို ဒီနေ့ခေါ်ယူတာဟာ ပြည်သူကအပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်း အတည်ပြုခြင်း၊ ဒီမိုကရေစီကို ကာကွယ်ခြင်း ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။