ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီကို ထောက်ခံသူတွေက ဒီနေ့ (ဇူလိုင် ၁၆) မှာဘန်ကောက်မြို့မှာ ဆန္ဒပြကြပါတယ်။ ပြီခဲ့တဲ့ကြာသာပတေး (ဇူလိုင် ၁၃) နေ့က ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်လောင်းမဲပေးရွေးချယ်မှုမှာ စစ်တပ်ခန့်အထက်လွှတ်တော် အမတ်တွေကMove Forward ခေါင်းဆောင် ဖိထာ လန်ဂျာရွတ်ရတ် ကိုမဲမပေးခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြသကြပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ရှေ့နေအာနွန်နမ်ပါဦးဆောင်တဲ့ Move Forward ပါတီထောက်ခံသူတွေက စစ်ရုံးချုပ်ရှေ့မှာစုဝေးပြီး ဝန်ကြီးချုပ်လောင်းမဲပေးရွေးချယ်ပွဲမှာ ပျက်ကွက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရဲချုပ်တို့ကိုလည်း စစ်တပ်ခန့် လွှတ်တော်အမတ်တွေအဖြစ်က နှုတ်ထွက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။




Move Forward ပါတီနဲ့ ဖိထာထောက်ခံသူတွေဟာ တနဂါ်နွေနေ့မှာဘန်ကောက်မြို့ထဲဆိုင်ကယ်တွေစီးပြီး ဆန္ဒပြတဲ့အခါ လမ်းဘေးဝဲယာက ပြည်သူတွေကလည်း အားပေးကြပြီး လက်သုံးချောင်းထောင်ပြကြသလို ၊ကားတွေကလည်းဟွန်းတီးပြီးဆန္ဒထုတ်ဖော်ကြတာကိုလည်း ထိုင်းလူမှုကွန်ယက်မီဒီယာတွေမှာတွေ့ရပါတယ်။
ဇူလိုင် ၁၃ ရက်က ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်လောင်းအတွက်မဲပေးရွေးချယ်ပွဲမှာ ဖီထာဟာ အမတ် ၇၅၀ ရှိတဲ့အနက် ၃၇၆ ဦးရဲ့ ထောက်ခံမှု လိုအပ်ပေမယ့် ၇၀၄ မဲထိ ရေတွက်ပြီးချိန်မှာ ၃၂၄ မဲပဲ ရရှိခဲ့ပါတယ် ။ စစ်တပ်ခန့် အမတ်အများစုက ဖိထာကိုမဲမပေးခဲ့ကြပါဘူး။ဒါအပြင်ကြာသာပတေးနေ့က မဲပေးရွေးချယ်မှုကို အမတ် ၃၀ ကျော်ကလည်းပျက်ကွက်ခဲ့ပါတယ်။

Public Service Announcement


















































