Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် ရာနဲ့ချီ မြင့်တက်လာ

ငလျင်ရဲ့ ဗဟိုချက်လို့ ဆိုနိုင်တဲ့ ဂျဂျာကော့ ခရိုင်မှာတင် အသေအပျောက် ၁၀၀ ကျော် ရှိခဲ့ပြီး အနီးက အနောက်ရူကွမ် ခရိုင်မှာ နောက်ထပ် ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် ရာနဲ့ချီ မြင့်တက်လာ
နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် ရာနဲ့ချီ မြင့်တက်လာ

နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ရာဂဏန်းထိ တိုးလာသလို တရိပ်ရိပ် ဆက်လက် မြင့်တက်နေဆဲလို့ သိရပါတယ်။

နီပေါနိုင်ငံ အနောက်မြောက်ပိုင်းမှာ နိုဝင်ဘာ ၄ ရက် ညသန်းခေါင်ကျော်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်ကြီးကြောင့် အဆောက်အအုံ တော်တော်များများ ပြိုကျ ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေနိုင်ပြီး လက်ရှိ အသေအပျောက် ၁၅၇ ဦးကနေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ငလျင်ဟာ ကာနာလီ ပြည်နယ်ထဲက ဂျွမ်လာမြို့ရဲ့ ၄၂ ကီလိုမီတာလောက် အကွာ မြေအနက် ၁၈ ကီလိုမီတာလောက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပါတယ်။ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်မှု ပြင်းထန်ခဲ့ပြီး ငလျင်ရဲ့ လှုပ်ခတ်မှုကို အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီကနေပါ ခံစားခဲ့ရပါတယ်။

လက်ရှိ အခြေအနေမှာတော့ အားလုံးဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုပဲ အပြင်းအထန် အာရုံစိုက်နေဆဲ ဖြစ်တယ်လို့ နီပေါ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကူဘာ ကာဒါယက်က ဆိုပါတယ်။ တချို့ ကျေးရွာတွေမှာဆိုရင် ရွာလုံးကျွတ်နီးပါး တဲတွေ ပြိုကျကုန်သလို အခြေခံ အဆောက်အအုံ ထိခိုက် ပျက်စီးမှုတွေလည်း အများအပြား ဖြစ်ပေါ်ခဲ့တယ်လို့ ကာဒါယက်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကာဒါယက်က အသေအပျောက် ပမာဏကို ၁၅၇ ဦးထိ အတည်ပြုထားနိုင်ပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကြုံတွေ့ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး အခုသီတင်းပတ် ငလျင်ဟာ နီပေါမှာ အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်း ဝင်လာပါတယ်။

ငလျင်ရဲ့ ဗဟိုချက်လို့ ဆိုနိုင်တဲ့ ဂျဂျာကော့ ခရိုင်မှာတင် အသေအပျောက် ၁၀၀ ကျော် ရှိခဲ့ပြီး အနီးက အနောက်ရူကွမ် ခရိုင်မှာ နောက်ထပ် ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ ယူရေရှား မြေအောက် ပြတ်ရွေ့ ကျောက်လွှာကြီးတွေ စုဆုံတဲ့ နေရာမှာ တည်ရှိနေပြီး ငလျင်တွေနဲ့ မကြာခဏ ကြုံရတတ်ပါတယ်။ ၂၀၁၅ ခုနှစ်က မြို့တော် ခတ္တမန္ဒူနားမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၉၀၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှု တန်ဖိုးကလည်း ဒေါ်လာ ၆ ဘီလီယံကျော်ထိ များပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။