Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နီပေါလေယာဉ် ပျက်ကျမှု ၆၈ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေ

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ် ပျက်ကျမှုအတွင်း လူ ၆၈ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ပျောက်ဆုံးနေသူ ၄ ဦးရဲ့ ကံကြမ္မာကလည်း မျှော်လင့်ချက် အရမ်းနည်းနေပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်က နီပေါနိုင်ငံ အလယ်ပိုင်း၊ တောင်ပေါ် အပန်းဖြေစခန်း မြို့တစ်ခုဖြစ်တဲ့ ပိုခါရာမှာ ATR 72 အမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း နီပေါမှာ ကြုံဖူးသမျှ အဆိုးဆုံး လေကြောင်း မတော်တဆမှု အနေနဲ့လည်း မှတ်တမ်း ဝင်လာပါတယ်။

လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေ အပါအဝင် ခရီးသည် ၆၈ ဦးနဲ့ နီပေါနိုင်ငံသား အမှုထမ်း ၄ ဦးတို့ လိုက်ပါခဲ့ကြပါတယ်။ အဲဒီထဲက ၆၈ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက ဖြန့်ကျက် ရှာဖွေနေဆဲပါ။

Yeti လေကြောင်းပိုင် လေယာဉ်ဟာ ပိုခါရာမှာ အသစ်ဆောက်လုပ်ထားတဲ့ လေဆိပ်ကြီးကို ဆင်းသက်ခါနီးမှာ လွဲချော်သွားပြီး လေဆိပ်နဲ့ ၁ ကီလိုမီတာ ကျော်ကျော်လောက် အကွာက လျှိုတစ်ခုထဲ ထိုးဆင်းသွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ လေယာဉ်ဟာ မြေပြင်နဲ့ ရိုက်မိတဲ့အချိန် မီးလောင်ကျွမ်းခဲ့သလို လေယာဉ် ကိုယ်ထည် အစိတ်အပိုင်းတွေလည်း ကွဲကြေပြန့်ကြဲကုန်တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အလောင်းတွေနဲ့ ပျောက်ဆုံးနေသူတွေကို ညလုံးပေါက် လိုက်ရှာနေခဲ့ကြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ မှတ်တမ်း ဗီဒီယိုတွေရယ်၊ လေယာဉ် ပျက်ကျခါနီးမှာ ခရီးသည် တစ်ဦးက Liveလွှင့်ရင်း ရိုက်ကူး ထုတ်လွှင့်နေခဲ့တဲ့ ဗီဒီယိုရယ်ကလည်း လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

လေယာဉ်ပေါ်မှာ မွေးကင်းစ အရွယ်တွေ အပါအဝင် ကလေးတချို့ လိုက်ပါသွားခဲ့ပြီး အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ ဩစတြေးလျ၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အိုင်ယာလန် နိုင်ငံတွေက နိုင်ငံခြားသား ၁၅ ဦးလည်း ပါရှိခဲ့တယ်လို့ လေကြောင်းလိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

လေယာဉ်ဟာ ခတ္တမန္ဒူ မြို့တော်ကနေ နိုင်ငံရဲ့ ဒုတိယ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ပိုခါရာမြို့ဆီ ပျံသန်းခဲ့တာပါ။ ပိုခါရာဟာ ရှုခင်းလှပတဲ့ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ် တည်ရှိနေပြီး အပျော်တမ်း လမ်းလျှောက် ခရီးထွက်သူတွေကြားမှာ အထူးထင်ရှားတဲ့ နေရာတစ်ခုပါ။

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

You May Also Like

သတင်း

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

သတင်း

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။