Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး
တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ လူနေတိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက လောင်ကျွမ်းတဲ့ မီးဟာ အဆောက်အအုံ ပထမထပ်မှာ လျှပ်စစ်စက်ဘီးတစ်စီး ထားရှိတဲ့ နေရာကနေ အစပြုခဲ့တာလို့ ကနဦး စုံစမ်းမှုတွေက အစီရင် ခံထားပါတယ်။

မီးလောင်တဲ့ အချိန်က အရမ်းစောနေသေးပြီး လူအများစု အိပ်စက်နေတာကြောင့်လည်း ရုတ်တရက် ရွှေ့ပြောင်းဖို့ အခက်အခဲဖြစ်ပြီး အသေအပျောက်တွေ ပိုများသွားခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ မွန်းလွဲပိုင်းမှာ အဆုံးသတ်ခဲ့ပါတယ်။

လူဦးရေ ၈ သန်းလောက် နေထိုင်ရာ နန်ဂျင်းမြို့ရဲ့ ယူဟွာထိုင် ရပ်ကွက်ထဲမှာ လောင်ကျွမ်းတဲ့ မီးကို ငြှိမ်းသတ်ဖို့ မီးသတ်ကား ၂၅ စီးလောက် စေလွှတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုမှာ ဒဏ်ရာရသူ ၄၄ ဦးထိ ရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ရကြောင်း၊ အဲဒီထဲက တစ်ဦးဟာ အခြေအနေ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ အဆောက်အအုံတွေရဲ့ လုံခြုံမှုစံနှုန်း အားနည်းချက်တွေကြောင့် လူအသေအပျောက် များပြားတဲ့ မီးလောင်မှု သတင်းတွေ မကြာခဏ ကြားရလေ့ ရှိပါတယ်။

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

နိုဝင်ဘာလတုန်းကလည်း ရှန်ရှီးဒေသက ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီတစ်ခု မိးလောင်လို့ လူ ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဆေးရုံ ရောက်ခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် တစ်လကျော်လောက်မှာတော့ နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘာဘီကျူးဆိုင်တစ်ခု ဓာတ်ငွေ့အိုး ပေါက်ကွဲ မီးလောင်ရာက လူ ၃၁ ဦး အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။