Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး
တရုတ်မှာ လူနေတိုက် မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ လူနေတိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက လောင်ကျွမ်းတဲ့ မီးဟာ အဆောက်အအုံ ပထမထပ်မှာ လျှပ်စစ်စက်ဘီးတစ်စီး ထားရှိတဲ့ နေရာကနေ အစပြုခဲ့တာလို့ ကနဦး စုံစမ်းမှုတွေက အစီရင် ခံထားပါတယ်။

မီးလောင်တဲ့ အချိန်က အရမ်းစောနေသေးပြီး လူအများစု အိပ်စက်နေတာကြောင့်လည်း ရုတ်တရက် ရွှေ့ပြောင်းဖို့ အခက်အခဲဖြစ်ပြီး အသေအပျောက်တွေ ပိုများသွားခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ မွန်းလွဲပိုင်းမှာ အဆုံးသတ်ခဲ့ပါတယ်။

လူဦးရေ ၈ သန်းလောက် နေထိုင်ရာ နန်ဂျင်းမြို့ရဲ့ ယူဟွာထိုင် ရပ်ကွက်ထဲမှာ လောင်ကျွမ်းတဲ့ မီးကို ငြှိမ်းသတ်ဖို့ မီးသတ်ကား ၂၅ စီးလောက် စေလွှတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုမှာ ဒဏ်ရာရသူ ၄၄ ဦးထိ ရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ရကြောင်း၊ အဲဒီထဲက တစ်ဦးဟာ အခြေအနေ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ အဆောက်အအုံတွေရဲ့ လုံခြုံမှုစံနှုန်း အားနည်းချက်တွေကြောင့် လူအသေအပျောက် များပြားတဲ့ မီးလောင်မှု သတင်းတွေ မကြာခဏ ကြားရလေ့ ရှိပါတယ်။

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

နိုဝင်ဘာလတုန်းကလည်း ရှန်ရှီးဒေသက ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီတစ်ခု မိးလောင်လို့ လူ ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဆေးရုံ ရောက်ခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် တစ်လကျော်လောက်မှာတော့ နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘာဘီကျူးဆိုင်တစ်ခု ဓာတ်ငွေ့အိုး ပေါက်ကွဲ မီးလောင်ရာက လူ ၃၁ ဦး အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...