Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယအကြိမ်မြောက် ကိုဗစ်ကူးစက် ခံရတဲ့ ဘိုင်ဒန်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ ပြန်ကြားရေး အရာရှိ ကာရင်ဂျင်း ပီယေးက အသက် ၈၁ နှစ်အရွယ် သမ္မတဟာ တတိယ အကြိမ်မြောက် ကိုဗစ်ရောဂါ ဖြစ်ပွားတာကို အတည်ပြုခဲ့ပြီး ရောဂါလက္ခဏာတွေကတော့ ခပ်ပျော့ပျော့သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ဇူလိုင် ၁၇ ရက် မနက်ပိုင်းတုန်းက လက်စ်ဗီးဂက်စ်မြို့ကို သွားရောက်ပြီး အားပေးထောက်ခံသူတွေနဲ့ တွေ့ဆုံရင်း မိန့်ခွန်းပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ညနေပိုင်း မဲဆွယ်စည်းရုံးရေးဆင်းမယ့် အစီအစဉ် တစ်ခုကိုတော့ ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ အသက်အရွယ် ကြီးရင့်မှုကြောင့် ရွေးကောက်ပွဲကို စိတ်ပိုင်း ရုပ်ပိုင်း အကြံ့ခိုင်ဆုံး အခြေအနေမျိုးနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်လို့ ဘေးဖယ်ပေးသင့်ကြောင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန် အခုလို ကိုဗစ်ကူးစက်မှုနဲ့ပါ ဘိုင်ဒန်က တွေ့ကြုံခဲ့တာပါ။

ဂျင်းပီယေးက ဘိုင်ဒန်ဟာ ဒယ်လာဝဲမှာရှိတဲ့ နေအိမ်မှာ သီးသန့်ခွဲခြား နေထိုင်မှာဖြစ်ပြီး အဲဒီအတောအတွင်း သူ့ရဲ့ သမ္မတ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ ဆက်လက် ထမ်းဆောင်နေမှာလို့ ပြောပါတယ်။

ဘိုင်ဒန်ရဲ့ မိသားစု ဆရာဝန် ကီဗင်အိုကော်နာက ကိုဗစ်ရောဂါ လက္ခဏာ တချို့ဟာ သမ္မတရဲ့ အသက်ရှူလမ်းကြောင်း ဧရိယာ အထက်ပိုင်းမှာသာ ပြသပြီး နှာစေးတာ၊ ချောင်းဆိုးတာတွေ ခံစားရကြောင်း၊ အခုအခါ Paxlovid ဆေးဝါးနဲ့ ကုသမှု စတင်ပေးထားပြီဖြစ်ကြောင်း ဆိုပါတယ်။

ဘိုင်ဒန်က သူ့အတွက် စိတ်ပူပေးသူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ ရောဂါကူးစက်ထားပေမယ့် အမေရိကန် ပြည်သူတွေအတွက် သူ့ရဲ့ တာဝန်တွေကို ဆက်လုပ်မယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက ပထမအကြိမ် ကိုဗစ်ကူးစက်မှု ခံယူခဲ့ရပြီး အဲဒီတုန်းကတော့ အိမ်ဖြူတော်မှာပဲ quarantine ဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရှားပါးတဲ့ တကျော့ပြန် ကိုဗစ်ရောဂါ ခေါင်းထောင်မှု ဖြစ်စဉ်နဲ့ ကြုံပြီး ဩဂုတ်လမှာ ဒုတိယအကြိမ် ရောဂါကူးစက်မှုကို ဆေးစစ်တွေ့ရှိခဲ့ပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ အရမ်းဆိုးရွား ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာ ခံစားနေရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။