Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲရပ်ဆိုင်းဖို့ အစ္စရေး ဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့တယ်လို့ ဟားရစ်ပြော

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ဖို့ မျှော်လင့် ပြင်ဆင်နေတဲ့ ဟားရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အစိုးရ လုပ်ငန်းတာဝန်တွေမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် တာဝန်ယူ လှုပ်ရှားလာသလို မဲဆွယ်စည်းရုံးမှုတွေကိုလည်း အရှိန်မြှင့်နေပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ အမြန်ဆုံး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဖိအားပေး တိုက်တွန်းခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားခဲ့ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ဖို့ မျှော်လင့် ပြင်ဆင်နေတဲ့ ဟားရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အစိုးရ လုပ်ငန်းတာဝန်တွေမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် တာဝန်ယူ လှုပ်ရှားလာသလို မဲဆွယ်စည်းရုံးမှုတွေကိုလည်း အရှိန်မြှင့်နေပါတယ်။

အမေရိကန်ကို ရောက်ရှိနေတဲ့ နေတန်ညာဟုဟာ သမ္မတ ဂျိုးဘိုင်ဒန်အပြင် ဟားရစ်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဟားရစ်က သူဟာ နေတန်ညာဟုနဲ့ ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ အများကြီး ဆွေးနွေးဖြစ်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာ စစ်ပွဲဟာ ၉ လလောက် ကြာမြင့်ခဲ့ပြီးတဲ့နောက် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူသားရေးရာ အကျပ်အတည်းတွေ အများကြီး ပေါ်ပေါက်လာစေခဲ့ကြောင်း၊ လက်ရှိမှာတော့ အစ္စရေးဟာ ဟားမားစ်တွေနဲ့ အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်းပြီး ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ အိမ်ပြန်ခေါ်နိုင်ရေးကို ဦးစားပေးသင့်နေပြီလို့ နေတန်ညာဟုကို ပြောပြခဲ့ကြောင်း ဟားရစ်က ဆိုပါတယ်။

ဘိုင်ဒန်က အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးတဲ့ ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး အဆိုကို ဟားရစ်က ထပ်လောင်း တောင်းဆိုခဲ့ပြီး လက်ရှိမှာတော့ ဆိုးရွားလှတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြီးရဲ့ အဆုံးသတ် ဖြေရှင်းမှုကို မဖြစ်မနေ ရှာဖွေသင့်နေပြီလို့ မှတ်ချက် ပေးသွားပါတယ်။ ဂါဇာမှာ အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲတလျှောက် အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၄၀၀၀၀ နီးပါးလောက် သေကြေပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။

ဘိုင်ဒန်၊ ဟားရစ်တို့နဲ့ မတွေ့ဆုံခင်မှာ နေတန်ညာဟုဟာ အမေရိကန် လွှတ်တော်မှာ သဘောထား တင်းမာတဲ့ မိန့်ခွန်းမျိုး ပြောခဲ့သေးပြီး အစ္စရေးက ဆင်နွှဲနေတဲ့ ဂါဇာစစ်ပွဲကို ကာကွယ်သွားခဲ့ပါတယ်။ သူက ဟားမားစ်တွေအပေါ် ရာနှုန်းပြည့် အောင်ပွဲခံနိုင်တဲ့ထိ အာရုံစိုက်သွားမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် မိန့်ခွန်းထဲမှာ အပစ်အခတ် ရပ်စဲရေး ကိစ္စကို အတော်လေး ဖြစ်နိုင်ခြေ လျှော့လျှော့ပေါ့ပေါ့လောက်သာ ပြောသွားခဲ့ပါတယ်။

ဟားရစ်က အစ္စရေးကို အပစ်အခတ် ရပ်စဲရေးကိစ္စအတွက် ဖိအားပေးခဲ့ပေမယ့် တစ်ဖက်မှာလည်း ဟားမားစ်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရှုတ်ချခဲ့ကြောင်း ဆိုပါတယ်။

နေတန်ညာဟုဟာ ဘိုင်ဒန်နဲ့ ဟားရစ်တို့ ဦးဆောင်တဲ့ အမေရိကန် အစိုးရ သက်တမ်းမှာ အခုတစ်ကြိမ်ဟာ အိမ်ဖြူတော်ကို ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။ သူဟာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်က အမေရိကန်ကို နောက်ဆုံးအကြိမ် အလည်အပတ် ရောက်ရှိခဲ့ပြီး အခုခရီးစဉ် အတောအတွင်းမှာလည်း ထရမ့်နဲ့ တွေ့ဆုံဖို့ ဖလော်ရီဒါကို သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: Detroit News⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ နည်းပညာမြင့် စစ်သုံးဒရုန်း တစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

နိုင်ငံတကာ

တရားမဝင် နည်းလမ်းတွေနဲ့ ဝယ်ယူခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ လေယာဉ်တစ်စီးကို အမေရိကန်က ကြားဖြတ် သိမ်းယူလိုက်ပါတယ်။

Facebook