Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ကြားကာလ အကြီးအကဲအဖြစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ် ကျမ်းသစ္စာ ကျိန်ဆို

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ပုသိမ်ကြီးမြို့လယ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဩဂုတ် ၈ ရက်နေ့မှာ ပြင်သစ်ကနေ ပြန်ရောက်လာတဲ့နောက် နာရီပိုင်းအတွင်း ယူနွတ်စ်က ဒါကာမှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး ကြားကာလ အစိုးရရဲ့ အကြံပေး အရာရှိချုပ် ရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ စီးပွားရေး ပါမောက္ခ၊ အသေးစား ချေးငွေလုပ်ငန်းဆိုင်ရာ စံပြလုပ်ငန်းရှင်၊ ၂၀၀၆ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်က သူ့ကို ယုံကြည်အပ်နှင်းတဲ့ တာဝန်တွေကို မမှိတ်မသုန် ထမ်းဆောင်သွားမယ်လို့ ကတိပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံကို ၁၅ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ပြင်းထန်တဲ့ လူထု အုံကြွမှုတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးသွားခဲ့ပြီး လစ်လပ်သွားတဲ့ အုပ်ချုပ်ရေး ကဏ္ဍအတွက် စစ်တပ်က ယာယီ အစိုးရကို ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်တွေက လုံးဝ လက်မခံဘဲ ယူနွတ်စ် ဦးဆောင်တဲ့ ယာယီ အစိုးရကိုသာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ယူနွတ်စ်ရဲ့ ယာယီ အစိုးရ အဖွဲ့ထဲမှာ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ နာဟစ်ဒ် အစ္စလာမ်နဲ့ အာဆစ်ဖ် မူဟာမက်တို့ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဆင်းရဲသားတွေအတွက် ဘဏ်လို့ တင်စားခံရတဲ့ Grameenအသေးစား ချေးငွေလုပ်ငန်းကို အောင်အောင်မြင်မြင် လည်ပတ်စေခဲ့တဲ့နောက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟာဆီနာ လက်ထက်က အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုအသွင် တဖြည်းဖြည်း ကူးပြောင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး စနစ်ကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ ပြန်လည် တည့်မတ်ပေးဖို့ လူထုက ယူနွတ်စ်အပေါ် မျှော်လင့်နေပါတယ်။

သူက သန်းပေါင်း ၁၇၀ သော ပြည်သူလူထု အနေနဲ့ ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေ စိုးမိုးရေး အားထုတ်မှုတွေမှာ ပူးပေါင်း ကူညီပေးကြဖို့ တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဟာ ဒုတိယအကြိမ်မြောက် လွတ်လပ်ရေး ရလာတာ ဖြစ်တယ်လို့လည်း ညွှန်းဆိုသွားခဲ့ပါတယ်။

သူက အစိုးရ ဆန့်ကျင်ရေး အုံကြွ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့သူ ၃၀၀ လောက်ကိုလည်း နိုင်ငံကို ကာကွယ်ဖို့ ကြိုးစားရင်း၊ နိုင်ငံအတွက် အနာဂတ် တစ်ခုကို ယူဆောင်ပေးဖို့ ကြိုးစားရင်း အမြင့်မြတ်ဆုံး အနစ်နာခံ ပေးဆပ်ခဲ့သူတွေလို့ ချီးကျူးသွားခဲ့ပါတယ်။

ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုအဖြစ် အစောပိုင်းမှာ သတ်မှတ် ခံခဲ့ရပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ အာဏာရှင်အဖြစ် ပြောင်းလဲလာကြောငး ဝေဖန် ခံခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်က အကျဉ်းထောင်တွေမှာတော့ အဲဒီ အမျိုးသမီးကို ဝေဖန်မိသူတွေ၊ ဆန့်ကျင်မိသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ နောက်ပြီး ဟာဆီနာနဲ့ ယူနွတ်စ်ကြားမှာ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။

ယူနွတ်စ်ကို ဟာဆီနာက လူထုရဲ့ နံပါတ်တစ် ရန်သူတော်လို့ စွပ်စွဲပြီး အဂတိ လိုက်စားမှုတွေနဲ့ စွဲချက်တင်ဖို့ ဖိအားပေးခဲ့ပါတယ်။ ယူနွတ်စ်ဟာ ၆ လ ထောင်ဒဏ်ကနေ အယူခံနဲ့ လွတ်မြောက်နေတာဖြစ်ပြီး သူကတော့ အဲဒီ စွပ်စွဲချက်တွေကို အတိအလင်း ငြင်းဆိုထားသလို ဟာဆီနာက နိုင်ငံရေးအရ လုပ်ကြံထိုးနှက်မှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။