Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာရှတိုက်မှာ အခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ခဲ့တဲ့ တိုင်ဖွန်းယာဂီ ဗီယက်နမ် ကုန်းတွင်းဝင်ရောက်

ဖိလစ်ပိုင်နဲ့ တရုတ် ပိုင်နက်တွေကို မွှေနှောက်ဖြတ်သန်းခဲ့တဲ့နောက် အခုနှစ်အတွက် အာရှတိုက်မှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းကြီးဟာ ဗီယက်နမ် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

တိုင်ဖွန်း ယာဂီ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် တိုက်ခတ်​နေစဥ်။ ဓါတ်ပုံ-AP

ဖိလစ်ပိုင်နဲ့ တရုတ် ပိုင်နက်တွေကို မွှေနှောက်ဖြတ်သန်းခဲ့တဲ့နောက် အခုနှစ်အတွက် အာရှတိုက်မှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းကြီးဟာ ဗီယက်နမ် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

စူပါတိုင်ဖွန်းအဆင့် သတ်မှတ်ခံရတဲ့ ယာဂီကြောင့် ဗီယက်နမ်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။ ယာဂီဟာ တရုတ်ရဲ့ ကမ္ဘာလှည့် ခရီးသွားဇုန် အဖွံ့ဖြိုးဆုံး နေရာတစ်ခုဖြစ်တဲ့ ဟိုင်နန်ကျွန်း၊ ဖိလစ်ပိုင်နိုင်ငံရဲ့ အစိတ်အပိုင်းတချို့တို့မှာလည်း သေကြေမှု၊ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးတော့ ဗီယက်နမ်ကို ကုန်းတွင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ဖွန်း ယာဂီ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် တိုက်ခတ်​နေစဥ်။ ဓါတ်ပုံ-AFP

ဟိုင်နန်ကို ဝင်မွှေခဲ့ချိန် စက်တင်ဘာ ၆ ရက်နေ့တုန်းက ယာဂီရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံးအဖြစ် တစ်နာရီကို ၂၃၄ ကီလိုမီတာနှုန်းထိ ပြင်းထန်ခဲ့ပြီး ဗီယက်နမ်ကို ကုန်းတွင်း ဝင်ရောက်ချိန်မှာတော့ တစ်နာရီ ၁၆၀ ကီလိုမီတာ နှုန်းထိ အားပြန်လျော့သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ် အစိုးရရဲ့ ကနဦး ထုတ်ပြန်ချက်အရ ယာဂီကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ၇၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ပက်လယ်ပြင်မှာ ပျောက်ဆုံးနေသူ နောက်ထပ် တစ်ဒါဇင်လောက်ရှိကြောင်း သိရပါတယ်။

ယာဂီဟာ ဖိလစ်ပိုင်မှာ လူ ၁၆ ဦးကို သေဆုံးစေခဲ့ပြီး ဟိုင်နန်မှာလည်း ၂ ဦးသေဆုံးခဲ့တာကြောင့် စုစုပေါင်း ၂၂ ဦးလောက်ကို အသက်ဆုံးရှုံးစေခဲ့ပြီး ဖြစ်ပါတယ်။

ဗီယက်နမ် အစိုးရဟာ စက်မှုလုပ်ငန်း ထွန်းကားရာ ကမ်းရိုးတန်းမြို့ ဟိုင်ဖောင်မှာရှိတဲ့ လူဦးရေ ၂ သန်းလောက်ကို မုန်တိုင်း အန္တရာယ် သတိပေးချက်တွေ ကြိုတင် ကြေညာ ထုတ်ပြန်ပေးခဲ့သလို စက်ရုံတွေ၊ ကျောင်းတွေကိုလည်း ပိတ်ထားစေခဲ့ပါတယ်။

တိုင်ဖွန်း ယာဂီ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် တိုက်ခတ်​နေစဥ်။ ဓါတ်ပုံ-Reuters

မုန်တိုင်း မဝင်ရောက်မီ ကတည်းက လေပြင်းတွေနဲ့အတူ ဓာတ်အားလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို အိမ်တချို့ရဲ့ ပြတင်းမှန်တွေ ကွဲထွက်ကုန်ပါတယ်။ ပြီးတော့ ကမ်းရိုးတန်း တချို့နေရာတွေမှာ ၁၀ ပေလောက်ထိမြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်မှာ အိမ်တွေရဲ့ သတ္တုအမိုးတွေ အလွှာလိုက် ကျွတ်ထွက်ကုန်ပြီး လေထဲလွင့်နေတာတွေကို ဒေသခံ မီဒီယာတွေက ပြသခဲ့ပါတယ်။ ဗီယက်နမ် မြောက်ပိုင်းမှာ စာရင်းအတိအကျ မသိနိုင်လောက်သေးတဲ့ အိမ်တွေ အများအပြား ပျက်စီးခဲ့သလို သစ်ပင်တွေ ထောင်နဲ့ချီ ပြိုလဲကုန်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

အဲဒီမတိုင်ခင် လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ ဟိုင်နန်ကို ယာဂီ ဖြတ်သန်းခဲ့ချိန်တုန်းကလည်း သစ်ပင်တွေ အမြစ်ကပါ ကျွတ်ထွက်ပြီး လမ်းတွေ ရေလွှမ်းကုန်ပါတယ်။ ပြီးတော့ အိမ်ခြေ ၈ သိန်းလောက် ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ကမ်းရိုးတန်း ဒေသတွေနဲ့ အနီးဆုံး နေထိုင်သူ ၅၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ကြိုတင် ရွှေ့ပြောင်းပေးခဲ့ရသလို ကယ်ဆယ်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅၀၀၀၀ လောက်ကိုပါ အသင့်ပြင်ထားခဲ့တယ်လို့ အစိုးရ ဆိုပါတယ်။

တိုင်ဖွန်း ယာဂီ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် တိုက်ခတ်​နေစဥ်။ ဓါတ်ပုံ-AFP

မုန်တိုင်းကြောင့် ဗီယက်နမ်ရဲ့ လေဆိပ် ၄ ခုမှာလည်း စုစုပေါင်း လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပြီး ဟနွိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ အကြီးဆုံး လေဆိပ်ဖြစ်တဲ့ နွိုင်ဘိုင် တစ်ခုတည်းမှာတင် ခရီးစဉ် ၃၀၀ လောက် ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံမြောက်ပိုင်း ခရိုင်ကြီး ၁၂ ခုထဲက ကျောင်းတွေကိုလည်း ပိတ်ထားစေခဲ့ရပါတယ်။ မြို့တော် ဟနွိုင်းမှာလည်း မြေအောက်ရထားလိုင်းနဲ့ ဘတ်စ်ကားတွေ ပြေးဆွဲမှုကို ယာယီ ရပ်နားထားစေပြီး မုန်တိုင်းမတိုင်ခင် ကတည်းက အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ ပြည်သူတွေကို တိုက်တွန်း ဆော်ဩထားခဲ့ပါတယ်။

ဟနွိုင်းမှာ တိုက်ခတ်တဲ့ လေပြင်းတွေဟာ လူတစ်ယောက်ကိုတောင် လဲကျသွားစေဖို့ လုံလောက်တယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် ပင်လယ် သမုဒ္ဒရာတွေ ပိုမူ ပူနွေးလာမှုနဲ့အတူ မုန်တိုင်းတွေကလည်း ပိုမို အားကောင်းလာနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဂျပန်ဟာ ဆယ်စုနှစ် တော်တော်များများအတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ ရှန်ရှန် တိုင်ဖွန်း ဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ ခံစားခဲ့ရပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

မုတ်သုံအား​ကောင်း​နေ၍​ဒေသအချို့မိုး​ကောင်းနိုင်

သတင်း

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုကြောင့်စက်တင်ဘာလ ၂၀ရက်​နေ့မှစတင်၍ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းချက်ထုတ်ပြန်သည်။

သတင်း

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။

Fact-Check

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့်စနေနေ့ ( စက်တင်ဘာလ ၂၁) ရက်မှာ ကရင်နီပြည်ကို ဗဟိုပြုဝင်တိုက်မယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Trending

Facebook