Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းကျောင်းကား မီးလောင်မှုမှာ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းက ရဲတွေဆီမှာ အဖမ်းခံ

ကလေးအများစု အပါအဝင် ၂၃ ဦး သေဆုံးခဲ့တဲ့ ထိုင်းကျောင်းကား မီးလောင်မှုမှာ အစောပိုင်းက ထွက်ပြေးခဲ့တဲ့ ဘတ်စ်ကား ယာဉ်မောင်းဟာ ရဲတွေဆီမှာ အဖမ်းခံခဲ့ပြီး အခုတော့ သူ့ကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ကလေးအများစု အပါအဝင် ၂၃ ဦး သေဆုံးခဲ့တဲ့ ထိုင်းကျောင်းကား မီးလောင်မှုမှာ အစောပိုင်းက ထွက်ပြေးခဲ့တဲ့ ဘတ်စ်ကား ယာဉ်မောင်းဟာ ရဲတွေဆီမှာ အဖမ်းခံခဲ့ပြီး အခုတော့ သူ့ကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းက ပါသွန်သာနီမှာ ကျောင်းကား မီးလောင်ပြီး အသက် ၄ နှစ်နဲ့ ၅ နှစ်အရွယ် ကလေး ၂၀၊ လူကြီး ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ထိုင်းတစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ယူသိုင်ဌာနီမှာရှိတဲ့ ဝတ်ခွန်ဖရာ ဆန်ခါရမ်ကျောင်းရဲ့ ကလေးတွေကို ပြင်ပလေ့လာရေး ခရီးစဉ်အတွက် တင်ဆောင်လာတဲ့ ကျောင်းကားဟာ ဘီးပေါက်ကွဲရာက အရှိန်မထိန်းနိုင်ဘဲ တခြား ကားတစ်စီးကို တိုက်မိပြီး အဲဒီနောက် လမ်းဘေး အတားအဆီးကို ထပ်တိုက်ရာက ဓာတ်ငွေ့ လောင်စာအိုးကို ပွတ်ဆွဲပြီး မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။

၄၂ ဦး စီးနင်းလိုက်ပါလာတဲ့ ကျောင်းကားပေါ်မှာ တပ်ဆင်ထားတဲ့ အရေးပေါ် ထွက်ပေါက် တံခါးကလည်း အလုပ်မလုပ်ခဲ့ဘူးလို့ ကနဦး စစ်ဆေးမှုတွေအရ သိရပါတယ်။ မီးသတ်တပ်ဖွဲ့ဟာ ဘတ်စ်ကားမှာ အရှိန်ပြင်းပြင်း လောင်ကျွမ်းနေခဲ့တဲ့မီးကို အစွမ်းကုန် ကြိုးစားငြှိမ်းသတ်ခဲ့ပေမယ့် အဖိုးတန် လူ့အသက် ၂၃ ချောင်းကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။ ၁၉ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပြီးတဲ့နောက် အသက် ၄၈ နှစ်အရွယ် ဘတ်စ်ကား ယာဉ်မောင်း ဆာမန် ချန်ပွတ်ဟာ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားခဲ့ပြီး ဖုန်းကိုပါ ပိတ်ထားခဲ့ပါတယ်။ ညပိုင်းကျမှ သူဟာ ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ပြီး သူကိုယ်တိုင် စိတ်ချောက်ချားလွန်းတာကြောင့် သွေးရူးသွေးတမ်း ထွက်ပြေးသွားမိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သူဟာ ကားမှာ မီးစလောင်တဲ့အချိန် ဘေးဖက် ထွက်ပေါက်ကနေ လမ်းပေါ် ပြေးထွက်လာပြီး ဘေးနားမှာ ရှိနေသူ တစ်ဦးလှမ်းပေးတဲ့ မီးသတ်ဆေးဘူးနဲ့ မီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့သေးပေမယ့် အထမမြောက်ခဲ့တာကို တွေ့ရပါတယ်။ နောက်တော့ မီးတောက်တွေ ကြီးလာတဲ့ အချိန်မှာ သူဟာ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားတာပါ။

ရဲတွေဟာ ဆာမန်ကို လူတွေ ထိခိုက်သေကြေစေတဲ့၊ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့ ပေါ့လျော့မှု၊ ထိခိုက်နစ်နာသူတွေကို ကူညီဖို့ ပျက်ကွက်မှု၊ ရဲတွေဆီကနေ အစောပိုင်းမှာ ရှောင်တိမ်းနေမှုတွေအတွက် အမှုဖွင့်ထားပါတယ်။ သူ့ရဲ့ ထွက်ဆိုချက် အရလည်း ကားဘီးပေါက်ရာက ကျောင်းကားဟာ ညာဖက်ကို တစ်ခြမ်းဆွဲသွားပြီး Mercedes တစ်စီးကို ဝင်တိုက်ခဲ့တဲ့နောက် လမ်းဘေး အတားအဆီးဆီ ဝင်တိုးခဲ့မိတာ ဖြစ်တယ်လို့ အတည်ပြုထားတာ တွေ့ရပါတယ်။

ထိုင်းမီဒီယာတွေကတော့ မီးလောင်တဲ့ ကျောင်းကားရဲ့ နံပါတ်ဟာ ၁၉၇၀ ပြည့်နှစ် ကတည်းက လိုင်စင် ထုတ်ပေးထားတာလို့ ဖော်ပြထားကြပါတယ်။ အဲဒီနောက်ပိုင်း ကားရဲ့ ကြံ့ခိုင်မှုကို ဆက်တိုက် ထိန်းသိမ်း မွမ်းမံခဲ့ပေမယ့် လောင်စာဆီသုံး အမျိုးအစားကနေ ဓာတ်ငွေ့စွမ်းအင် ပြောင်းလဲ အသုံးပြု တပ်ဆင်ခဲ့တာကိုတော့ မှတ်ပုံ တင်မထားဘူးလို့ ဆိုပါတယ်။ အဲဒီ ဓာတ်ငွေ့လောင်စာအိုးရဲ့ သက်တမ်းကတော့ ၁၅ နှစ်လောက် ရှိခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုးကား: Khaosod⁩

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။