Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်း ခရာသွန်အပြီး ထိုင်ဝမ်မှာ ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့၊ ယာယီ ပိတ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖြည်းဖြည်းချင်း အစပြုနေပြီ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့၊ ယာယီ ပိတ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖြည်းဖြည်းချင်း အစပြုနေပြီ ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ခရာသွန်ဟာ အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းက ကျွန်းနိုင်ငံကို ဖြတ်သန်း တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ လေပြင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

မုန်တိုင်းမတိုင်ခင် ကတည်းက ထိုင်ဝမ်မှာ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို ယာယီ ပိတ်ထားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထိုင်ဝမ်ရဲ့ လူဦးရေ ထူထပ်တဲ့ မြို့ပြ ဧရိယာတွေ အပါအဝင် နေရာတချို့မှာ ရေကြီးရေလျှံပြီး ပျက်စီးမှုတွေလည်း ကြုံတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ခရာသွန်ဟာ ထိုင်ဝမ်ပိုင်နက်ကို ကျော်လွန်သွားပြီဖြစ်ပြီး တိုင်ဖွန်းအဆင့်ကနေ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့်ကို အားပျော့သွားခဲ့ပါတယ်။ အဲဒီမုန်တိုင်းဟာ ဆိပ်ကမ်းမြို့ ဂိုရွှန်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး လမ်းတွေကို ရေဖုံးသွားစေခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာတော့ ထိုင်ဝမ်ရဲ့ အစိတ်အပိုင်း အတော်များများ ပုံမှန် လုပ်ငန်းပြန်လည်ပတ်ဖို့ အစပြုနေပေမယ့် ဂိုရွှန်းရယ်၊ ကပ်လျက်တည်ရှိတဲ့ ပင်ထန်ရယ် ခရိုင်နှစ်ခုထဲမှာတော့ လဲကျနေတဲ့ သစ်ပင်တွေကို ဖြတ်တောက် ဖယ်ရှားရင်း၊ ရေဝပ်နေတာတွေကို စုပ်ထုတ်ရင်း၊ ရေမျောအမှိုက်တွေကို ရှင်းလင်းရင်း ဆက်ပြီး အလုပ်များနေကြဆဲပါ။

ဂိုရွှန်း အုပ်ချုပ်ရေးမှူး ချန်ချီမိုင်က ဇူလိုင်လတုန်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီတုန်းကထက် ပိုများတဲ့ မိုးရေချိန်မျိုး ဂိုရွှန်းရဲ့ နေရာတချို့မှာ တိုင်းတာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ခရာသွန်ဟာ အရမ်းပြင်းထန်တဲ့ မုန်တိုင်းမဟုတ်ပေမယ့် ရွေ့လျားနှုန်းက အရမ်းနှေးတာကြောင့် ထိုင်ဝမ်ကို မုန်တိုင်းဖြတ်သန်းတဲ့ ကာလက ပိုမိုကြာညောင်းပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကလည်း အချိန်ပိုရှည်သွားတာ ဖြစ်ပါတယ်။

မုန်တိုင်းအပြီး အောက်တိုဘာ ၄ ရက် မနက်ပိုင်းထိ ထိုင်ဝမ်မှာ အိမ်ခြေ တစ်သိန်းလောက် ဓာတ်အားပြတ်တောက်နေဆဲဖြစ်ပြီး အများစုက ဂိုရွှန်းနဲ့ ပင်ထန်မှာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် အသေအပျောက် စာရင်းဟာ လက်ရှိရထားတဲ့ ၂ ဦးထက် တိုးမလာကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပြီး ၁ ဦးပျောက်ဆုံး၊ ၆၆၇ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

အောက်တိုဘာ ၄ ရက်မှာတော့ ထိုင်ဝမ်ရဲ့ တောင်နဲ့မြောက်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြန်နှုန်းမြင့် ရထားလမ်းကို ပြန်ဖွင့်ထားပြီ ဖြစ်ပေမယ့် လေဆိပ်တွေမှာတော့ ခရီးစဉ် တချို့ကို ဆိုင်းငံ့ထား၊ ဖျက်သိမ်းထားရဆဲဖြစ်ပြီး အင်ပြည့်အားပြည့် လုပ်ငန်း ပြန်မလည်ပတ်နိုင်သေးပါဘူး။

မုန်တိုင်း အရှိန်လျော့သွားပြီး နောက်ပိုင်း ပင်ထန်မှာ ဆေးရုံတစ်ခု မီးလောင်ပြီး လူ ၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကရော မုန်တိုင်းနဲ့ ဆက်စပ်တဲ့ အသေအပျောက်တွေ ဟုတ်မဟုတ် ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲလို့ ထိုင်ဝမ်အစိုးရက ကြေညာထားပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။