Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ညမှာတင် အနိုင်ရသူ အဖြေပေါ်လာမယ်လို့ ယုံကြည်ကြောင်း ထရမ့်ပြော

အမေရိကန် ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ ညမှာတင် အနိုင်ရသူ သမ္မတသစ် ဘယ်သူ ဖြစ်မလဲဆိုတာ အစောကြီး အဖြေထွက်လာမယ်လို့ ယုံကြည်ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ရွေးကောက်ပွဲ ညမှာတင် အနိုင်ရသူ အဖြေပေါ်လာမယ်လို့ ယုံကြည်ကြောင်း ထရမ့်ပြော
ရွေးကောက်ပွဲ ညမှာတင် အနိုင်ရသူ အဖြေပေါ်လာမယ်လို့ ယုံကြည်ကြောင်း ထရမ့်ပြော

ABC သတင်းဌာနရဲ့ ဝါရှင်တန် အခြေစိုက် ဌာနခွဲ သတင်းထောက်ချုပ် ဂျိုနသန်ကားလ်နဲ့ ဖုန်းဆက်သွယ် ပြောဆိုမှု တစ်ခုမှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာပါ။ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတဟောင်းက နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲဟာ ရှုပ်ထွေးတဲ့ မဲရေတွက်မှုတွေ အချိန်ကြာကြာ ယူရတဲ့ အဆင့်ထိ မရောက်ဘဲ အစောကြီး အဖြေထွက်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်ခြေ ရှိသလားလို့ ကားလ်က မေးတဲ့အခါ ထရမ့်က ဒီကိစ္စကိုလည်း တွေးထားဖို့တော့ လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရော၊ အရှုံးပါ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်အပေါ် သိသာထင်ရှားတဲ့ အသာစီး အနေအထားမျိုး ပိုင်ဆိုင်ထားတယ်လို့ ခံစားမိကြောင်း ဖြေကြားသွားခဲ့ပါတယ်။

ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုတွေနဲ့ ပတ်သက်လို့တော့ ထရမ့်က သူ့လောက် ဘယ်သူမှ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးလို့ ယုံကြည်ကြောင်း၊ သူဟာ လူထုထောက်ခံပွဲကြီးတွေကို တက်ကြွမှု အပြည့်နဲ့ ဦးဆောင် စည်းရုံး ဟောပြောနိုင်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ထရမ့်ဟာ အကြောင်းအရာ တစ်ခုအပေါ် စူးစူးစိုက်စိုက် ပြောဆိုတာမျိုး မရှိဘဲ ခေါင်းစဉ်တွေ မကြာခဏ ပြောင်းလဲခဲ့ကြောင်း ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ကားလ်က ထောက်ပြတဲ့အခါ ထရမ့်က အဲဒါဟာ သူ့ရဲ့ လွန်းထိုးပြောင်းလဲတဲ့ ဗျူဟာ တစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဗျူဟာမျိုးနဲ့ပဲ သူဟာ သမ္မတ ဖြစ်ခဲ့ဖူးတယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီ ဗျူဟာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ကြောင်း၊ အဲဒီ ပုံစံမျိုးကို ကိုင်တွယ်နိုင်တဲ့သူ အရမ်းနည်းနည်းပဲ ရှိကြောင်းလည်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား-ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။