Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရီးသည်တင် လေယာဉ် ပစ်ခတ်ခံရပြီးတဲ့နောက် လေကြောင်းလိုင်းတချို့ ဟေတီခရီးစဉ်တွေ ဆိုင်းငံ့ထား

ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ် ခံရမှု ဖြစ်စဉ်အပြီး ဟေတီနိုင်ငံဆီ ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်း တချို့က ခရီးစဉ်တွေ ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။

ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ် ခံရမှု ဖြစ်စဉ်အပြီး ဟေတီနိုင်ငံဆီ ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်း တချို့က ခရီးစဉ်တွေ ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။

အမေရိကန်ရဲ့ Spirit Airlines ခရီးစဉ်အမှတ် ၉၅၁ လေယာဉ်ဟာ ဖလော်ရီဒါကနေ ပျံသန်းလာပြီး ဟေတီနိုင်ငံရဲ့ မြို့တော် ပို့တ်အူပရင့်စ်မှာ ဆင်းသက်ဖို့ ကြိုးစားချိန် နိုဝင်ဘာ ၁၁ ရက်နေ့က လက်နက်ငယ်နဲ့ ပစ်ခတ် ခံခဲ့ရတာပါ။ အဲဒီ အခြေအနေကြောင့် လေယာဉ်မှူးဟာ အစီအစဉ်ကနေ ဖယ်ခွာပြီး ဟေတီရဲ့ အိမ်နီးချင်း ဒိုမီနီကန် နိုင်ငံ၊ ဆန်တီယေဂို လေဆိပ်မှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ် ပစ်ခတ်ခံရလို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့တဲ့ အတောအတွင်း လေယာဉ်အမှုထမ်းတစ်ယောက် ဒဏ်ရာ အနည်းငယ် ရခဲ့ပေမယ့် ခရီးသည်တွေ ထိခိုက်မှု မရှိခဲ့ပါဘူး။

ဟေတီဟာ လက်နက်ကိုင် ဂိုဏ်းဂဏတွေရဲ့ သောင်းကျန်းမှုကို အစိုးရက မထိန်းချုပ်နိုင်ဘဲ ရုန်းကန်နေရတဲ့အပြင် နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဟေတီမှာ အငြင်းပွားစရာ ပြဿနာတွေနဲ့ ဝန်ကြီးချုပ်နေရာ ရုတ်တရက် အပြောင်းအလဲ ဖြစ်ခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး Spirit လေကြောင်းပိုင် လေယာဉ် ပစ်ခတ် ခံခဲ့ရတာပါ။ ဝန်ကြီးချုပ်သစ် အလစ် ဒီဒီရာ ဖီးလ်စ်အိုင်မီက သူ့ရဲ့ ဦးစားပေး ရည်မှန်းချက်ဟာ ပြည်တွင်းက လုံခြုံရေး အခြေအနေတွေကို ပြန်လည် မွမ်းမံဖို့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

Spirit လေကြောင်းလိုင်းက ပစ်ခတ်ခံရမှုကြောင့် လေယာဉ် ထိခိုက်ပျက်စီးတဲ့ အခြေအနေကို ဆန်တီယေဂို လေဆိပ်မှာ စစ်ဆေးခဲ့ကြောင်း၊ လေယာဉ်ကို လောလောဆယ် အသုံးမပြုဘဲ အနားပေးထားကြောင်း ကြေညာခဲ့ပါတယ်။ Spirtနဲ့ တခြား အမေရိကန် လေကြောင်းလိုင်း နှစ်ခုအပါအဝင် ဟေတီကို ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်း တချို့က ဒီဖြစ်စဉ် အပြီးမှာ ခရီးစဉ်တွေ ဆိုင်းငံ့ထားဖို့ အသီးသီး ဆုံးဖြတ်ခဲ့ပါတယ်။

အောက်တိုဘာလတုန်းကလည်း လက်နက်ကိုင် ဂိုဏ်းတစ်ခုရဲ့ အဖွဲ့သားတွေဟာ ကုလသမဂ္ဂရဲ့ ရဟတ်ယာဉ် တစ်စီးကို ပစ်ခတ်ခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့်လည်း လေကြောင်းလိုင်း တချို့က ဟေတီဆီ ပျံသန်းပြေးဆွဲမှုတွေ ယာယီ ရပ်နားခဲ့ရဖူးပါတယ်။ ဟေတီမှာ ကင်ညာ ရဲတပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ လုံခြုံရေး မစ်ရှင်တစ်ခုကို အကောင်အထည် ဖော်နေပြီး ဇွန်လကစလို့ လက်နက်ကိုင်ဂိုဏ်းတွေ ထိန်းချုပ်ထားရာ နယ်မြေတွေကို ပြန်လည်ရရှိရေး အားထုတ် ကြိုးစားနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟေတီနိုင်ငံမှာ သမိုင်းဝင် ခံတပ်ဟောင်းကြီး တစ်ခုထဲ ဝင်ရောက် လည်ပတ်ရင်း ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ရာက အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။