Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မနီလာမြို့တော်က ကျူးကျော်ရပ်ကွက်ကြီးမှာ မီးအကြီးအကျယ်လောင်၊ အိမ်ခြေ ၁၀၀၀ နီးပါးပြာကျ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရဲ့ အကြီးဆုံး စာရင်းဝင် ကျူးကျော်ရပ်ကွက် တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အိမ်ခြေ ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရဲ့ အကြီးဆုံး စာရင်းဝင် ကျူးကျော်ရပ်ကွက် တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အိမ်ခြေ ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ မီးလောင်မှုမှာ ပျက်စီး ဆုံးရှုံးမှု ပမာဏကို တိတိကျကျ မသိရသေးပေမယ့် အရမ်း နီးနီးကပ်ကပ် တည်ဆောက်ထားတဲ့ တဲအိမ်လေးတွေ ရာပေါင်း တော်တော်များများကနေ ၁၀၀၀ နီးပါးလောက်ထိ ပျက်စီးခဲ့တယ်လို့ ယူဆရကြောင်း မနီလာ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

မီးလောင်နေတဲ့ ကာလအတွင်း မည်းနက်တဲ့ မီးခိုးလုံးကြီးတွေကို ကီလိုမီတာ အတော်များများ အကွာကနေတောင် မြင်နေခဲ့ရပါတယ်။ မီးလောင်မှု စတင်တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် အိမ်တစ်လုံးရဲ့ ဒုတိယထပ်က အစပြုခဲ့တယ်လို့တော့ မျက်မြင်တွေရဲ့ အဆိုကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မီးလောင်မှုမှာ ထိခိုက်သေဆုံးမှုတွေ ရှိသလား ဆိုတာကိုတော့ လက်ရှိ အချိန်ထိ သတင်းမရသေးပါဘူး။ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဝေဟင် ဗီဒီယိုတွေမှာတော့ အစ္စလာ ပူတင်ဘာတို ကျေးရွာလို့ ခေါ်ဝေါ်တဲ့ မြစ်ကမ်းဘေး ကျူးကျော်ရပ်ကွက်ထဲမှာ ကျယ်ပြန့်တဲ့ မီးလောင်ပြင်ကြီး ဖြစ်ကျန်နေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၆၅ နှစ်အရွယ် လီယိုနီလာ အဘီယာတက်စ်ဆိုတဲ့ အမျိုးသမီးကြီးက သူဟာ ဘာပစ္စည်းမှ မသယ်နိုင်ဘဲ ကွယ်လွန်သူ ခင်ပွန်းသည်ရဲ့ အရိုးပြာ ထည့်ထားတဲ့ အိုးလေးကိုသာ ယူဆောင်လာနိုင်ခဲ့တယ်လို့ ငိုယိုမြည်တမ်းရင်း AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက မီးဘေးသင့်ပြီးတဲ့နောက် ဘဝကို ဘယ်လိုပြန်စရမလဲ ဆိုတာတောင် မတွေးတတ်တော့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အဲဒီမီးလောင်မှုအတွင်း စုစုပေါင်း မိသားစု ၂၀၀၀ နီးပါးလောက်ထိ အိမ်ခြေရာမဲ့ဘဝ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ဟာ မီးသတ်ကား ၃၆ စီး၊ မီးသတ်ရေယာဉ် ၄ စီးကို အသုံးပြု မီးငြှိမ်းခဲ့ရသလို လေတပ်ကလည်း ရဟတ်ယာဉ်နှစ်စီး ပေးပို့ပြီး ကူညီစေခဲ့ပါတယ်။

ရပ်ကွက်ထဲမှာရှိတဲ့ အိမ်အများစုဟာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တာကြောင့်လည်း မီးကူးစက်မှုတွေကို ပိုမိုမြန်ဆန်စေခဲ့တယ်လို့ မီးသတ် ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဂေနယ်လီ နူနက်ဇ်က မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။