Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Google Map လမ်းညွှန်မှုအတိုင်း ကားမောင်းရာက တံတားပေါ်က ပြုတ်ကျပြီး လူ ၃ ဦး သေဆုံးမှု အိန္ဒိယ စုံစမ်းစစ်ဆေးနေ

အင်တာနက် လမ်းညွှန် မြေပုံစနစ် Google Mapကို အသုံးပြုခဲ့ရာက လူ ၃ ဦး ဆောက်လုပ်စ တံတားပေါ်က ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အင်တာနက် လမ်းညွှန် မြေပုံစနစ် Google Mapကို အသုံးပြုခဲ့ရာက လူ ၃ ဦး ဆောက်လုပ်စ တံတားပေါ်က ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဲဒီ အမျိုးသား ၃ ဦးဟာ Google Mapရဲ့ လမ်းညွှန်ချက်အတိုင်း ကားမောင်းသွားရာက ဆောက်လက်စ မပြီးပြတ်သေးတဲ့ တံတားပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တာပါ။ Googleက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာခဲ့ရာမှာတော့ ကုမ္ပဏီ အနေနဲ့ စုံစမ်း စစ်ဆေးမှုမှာ အာဏာပိုင်တွေကို အပြည့်အဝ ကူညီပေးသွားမယ်လို့ ပါရှိခဲ့ပါတယ်။

သေဆုံးသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် မနက်အစောပိုင်းတုန်းက အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ် ပြည်နယ်ထဲက မင်္ဂလာဆောင် တစ်ခုဆီ ကားမောင်းသွားရင်း ဖြစ်ရပ်ဆိုး ကြုံခဲ့တာပါ။ သူတို့ဟာ Google Mapရဲ့ လမ်းညွှန်မှုအတိုင်း ကားမောင်းသွားရင်းကနေ ဆောက်လက်စ တံတားတစ်စင်းကို ကျော်ပြီး ရေခန်းနေတဲ့ ရမ်ဂင်္ဂါ မြစ်ထဲကို ကားထိုးကျသွားရာက အသက်ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်တွေအရ နိုဝင်ဘာ ၂၄ ရက်နေ့ ဖြစ်ရပ်မှာ ယာဉ်မောင်းဟာ Google Mapရဲ့ လမ်းညွှန်ချက်အတိုင်း အတည်ပြု တွေ့ရှိထားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ ရဲတွေဟာ Google Mapရဲ့ နာမည်ဖော်မပြတဲ့ တာဝန်ရှိသူ တစ်ဦးကိုရော၊ အစိုးရရဲ့ ပြည်သူ့ရေးရာ ဝန်ကြီးဌာန အရာရှိ တချို့နဲ့ပါ စကားပြောထားပြီး ဖြစ်တယ်လို့ အိန္ဒိယ သတင်းဌာန Press Trust of Indiaက ဖော်ပြခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ကိစ္စအတွက် အထူးစိတ်မကောင်းကြောင်း၊ ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း၊ စုံစမ်းစစ်ဆေးမှု ကဏ္ဍမှာ အာဏာပိုင်တွေကို အပြည့်အဝ ပံ့ပိုး ကူညီသွားမှာဖြစ်ကြောင်း Googleရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက AFP သတင်းဌာနဆီ မှတ်ချက်ပေးထားပါတယ်။

ဒေသခံ ရဲတစ်ဦးက အဲဒီတံတားရဲ့ အပိုင်းတစ်ခုဟာ မနှစ်က ရေကြီးမှုတွေမှာ ပျက်စီး ပြတ်တောက်ခဲ့တာကြောင့် ပြန်လည် ပြင်ဆင် ဆောက်လုပ်နေဆဲလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း အိန္ဒိယ တောင်ပိုင်း ကီရာလာ ပြည်နယ်ထဲမှာ Google Mapရဲ့ လမ်းညွှန်မှုအတိုင်း ကားမောင်းသွားရာက ပီရိယာမြစ်ထဲ ကားထိုးကျသွားလို့ ဆရာဝန်နှစ်ယောက် သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။