Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဆီ တပ်ကူတွေရဖို့ နျူကလီးယား နည်းပညာတွေ ရုရှားက ထောက်ပံ့ပေးခဲ့တယ်လို့ NATO စွပ်စွဲ

ရုရှားဟာ မြောက်ကိုရီးယားဆီက တပ်ကူတွေ ရဖို့အတွက် အပြန်အလှန် အနေနဲ့ နျူကလီးယား လက်နက် နည်းပညာတွေ ထောက်ပံ့ပေးခဲ့ကြောင်း NATO စစ်မဟာမိတ်အဖွဲ့ အကြီးအကဲက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ရုရှားဟာ မြောက်ကိုရီးယားဆီက တပ်ကူတွေ ရဖို့အတွက် အပြန်အလှန် အနေနဲ့ နျူကလီးယား လက်နက် နည်းပညာတွေ ထောက်ပံ့ပေးခဲ့ကြောင်း NATO စစ်မဟာမိတ်အဖွဲ့ အကြီးအကဲက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်အင်အား သောင်းဂဏန်းထိ စေလွှတ်ပေးထားကြောင်း ယူကရိန်း၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲ ပြောကြားထားပါတယ်။ အဲဒီအတွက် အပြန်အလှန်အဖြစ် မြောက်ကိုရီးယား နျူကလီးယားလက်နက် နည်းပညာ မြှင့်တင်မှုမှာ ရုရှားက ပံ့ပိုး ကူညီပေးနေတယ်လို့ NATO အကြီးအကဲ မတ်ရူတေးက ဆိုပါတယ်။

အခုဆိုရင် ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားတပ်တွေ စစ်ရေးသာပြီး တဖြည်းဖြည်း ရှေ့တိုး ချီတက်လာနေကြောင်း၊ အဲဒီ အခြေအနေကို ပြောင်းလဲစေနိုင်ဖို့အတွက် NATO စစ်မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် စစ်လက်နက်တွေ ပိုမို ပံ့ပိုးဖို့လိုကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ရုရှားဟာ မြောက်ကိုရီးယားဆီကနေ စစ်ကူတပ်တွေသာ မကဘဲ စစ်လက်နက်တွေပါ လက်ခံ ရရှိနေပြီး အဲဒီအတွက် အပြန်အလှန်အဖြစ် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် နည်းပညာ တိုးတက်ရေးမှာ ရုရှားဖက်က ပံ့ပိုးပေးနေတယ်လို့ ရူတေးက NATO အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေး တစ်ခုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် နည်းပညာ တိုးတက်လာမှုတွေဟာ ကိုရီးယား ကျွန်းဆွယ်ကို မတည်မငြိမ် ဖြစ်စေရုံသာ မကဘဲ NATO အဖွဲ့ဝင် အမေရိကန် ပြည်ထောင်စုကိုပါ အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ရူတေးက သတိပေးသွားပါတယ်။

အခုအခါ ရုရှားက စေလွှတ်ပေးထားတဲ့ ယူကရိန်း တပ်တွေဟာ ရုရှားပိုင် ကာ့စ်ခ်ဒေသထဲမှာ ရုရှားတပ်တွေနဲ့ ပူးပေါင်းပြီး ယူကရိန်း စစ်တပ်ကို စတင် တိုက်ခိုက်နေပြီလို့ ယူကရိန်းနဲ့ မဟာမိတ် နိုင်ငံတွေက ပြောကြားထားပါတယ်။

ရူတေးက ရုရှားနဲ့ မြောက်ကိုရီးယားကြားက စစ်မဟာမိတ် ဆက်ဆံရေးဟာ လျင်လျင်မြန်မြန် တိုးတက်လာနေပြီး သမ္မတ ဒေါ်နယ်လ်ထရမ့် တကျော့ပြန် အာဏာရမလာခင် အမေရိကန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပီပြင်လာနေပြီလို့လည်း ထောက်ပြခဲ့ပါတယ်။

စစ်ပွဲဟာ သုံးနှစ်နီးပါး ကြာမြင့်လာတဲ့နောက် ယူကရိန်း တပ်တွေဟာ လက်နက်နဲ့ လူအင်အား ယုတ်လျော့လာတာ၊ စစ်ပန်းတာတွေကြောင့် ကြီးကြီးမားမား ရုန်းကန်နေရပြီ ဖြစ်ပါတယ်။ ရူတေးက စစ်ပွဲရဲ့ လားရာကို ရှိရင်းစွဲ အခြေအနေကနေ ပြောင်းလဲပစ်စေဖို့ဆိုရင် NATO အဖွဲ့ဝင် နိုင်ငံတွေဟာ ယူကရိန်းကို ပိုမို အားကောင်းတဲ့ ထောက်ပံ့မှုတွေ ပေးပို့ဖို့ လိုအပ်ကြောင်းလည်း ဆော်ဩ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook