Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တုပ်ကွေးဆန်ပြီး အမျိုးအမည်မသိ ရောဂါတစ်မျိုးကြောင့် ကွန်ဂိုမှာ လူ ၈၀ နီးပါးသေဆုံး

ကွန်ဂိုနိုင်ငံမှာ ပြင်းထန် တုပ်ကွေးဆန်တဲ့ လက္ခဏာတွေ ပြသတဲ့ အမျိုးအမည်မသိ ရောဂါတစ်မျိုး ကူးစက်နေပြီး လူ ၈၀ နီးပါး အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ပြင်းထန် တုပ်ကွေးဆန်တဲ့ လက္ခဏာတွေ ပြသတဲ့ အမျိုးအမည်မသိ ရောဂါတစ်မျိုး ကူးစက်နေပြီး လူ ၈၀ နီးပါး အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ကွန်ဂိုရဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ အဲဒီရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီရောဂါနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ၇၉ ဦးထဲက အများစုဟာ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေလို့ ဝန်ကြီးဌာနက ဆိုပါတယ်။

လူနာတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေက ဖျားနာတာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာနဲ့ အားအင်ကုန်ခန်းတာတွေ ဖြစ်ပါတယ်။ အဲဒီ လက္ခဏာတွေကို လူနာပေါင်း ၃၀၀ ကျော်လောက်မှာ တွေ့ရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရဟာ ရောဂါကူးစက်မှုတွေ အထူထပ်ဆုံး နယ်မြေလို့ သတ်မှတ်နိုင်တဲ့ ကွမ်ဂိုပြည်နယ်ထဲက ပန်ဇီဒေသကို အရေးပေါ် အဖွဲ့တွေ စေလွှတ်ထားပြီး ရောဂါရဲ့ နောက်ခံ အခြေအနေနဲ့ သဘောသဘာဝတွေကို လေ့လာဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ အရပ်ဖက် လူမှုကယ်ဆယ်ရေး အသင်းတစ်ခုရဲ့ ခေါင်းဆောင် ဆိုင်ဖိုရင် မန်ဇာနာက ပန်ဇီဟာ ကျေးလက် ဧရိယာ တစ်ခုဖြစ်ပြီး ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်တွေ ရှိနေကြောင်း၊ အဲဒီအတွက် နောက်ဆက်တွဲ လူနာတွေ ပိုတိုးလာမှာကို စိုးရိမ်ရကြောင်း ပြောကြားသွားပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အာဖရိက ဌာနခွဲကလည်း လက်ရှိ ရောဂါဖြစ်ပွားမှုတွေကို တိတိကျကျ စုံစမ်းဖော်ထုတ်ဖို့အတွက် ပညာရှင် အဖွဲ့တစ်ခုကို ကွန်ဂိုဆီ စေလွှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ လူနာတွေဆီက ဓာတ်ခွဲ အဖြေ နမူနာတွေကို ရယူထားပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ WHOက အသိပေးထားပါတယ်။

အာဖရိက အလယ်ပိုင်းမှာရှိတဲ့ ကွန်ဂိုဟာ မျောက်ကျောက် (Mpox)ရောဂါ ကူးစက်မှုတွေနဲ့လည်း ရုန်းကန်နေရပြီး ဇန်နဝါရီကနေ ဇူလိုင်လအတွင်း လူနာ ၁၄၅၀၀ လောက် တွေ့ရှိခဲ့ပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အဲဒီနိုင်ငံဟာ ဆိုးရွားပြင်းထန်တဲ့ အီဘိုလာ ကာလဝမ်းရောဂါဆိုး ဖိစီးမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံက ဆေးရုံတစ်ခုရဲ့ ဝင်းထဲမှာ အီဘိုလာ ရောဂါသည်တွေကို ထားရှိဖို့ စီစဉ်ထားတဲ့ ရွက်ဖျင်တဲတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။